လျှို့ဝှက်ကုသမှုလုပ်ဖို့ မိုက်ကယ်ရှူးမေချာကို ပြင်သစ်ဆေးရုံ တင်ပို့

yyl11919007.jpg

ဖော်မြူလာဝမ်း ဂန္တဝင် ကားမောင်းသမားဟောင်း မိုက်ကယ်ရှူးမေချာဟာ လျှို့ဝှက်ကုသမှုခံယူဖို့အတွက် ပြီးခဲ့တဲ့တနင်္လာနေ့ညက ပြင်သစ်နိုင်ငံ ပဲရစ်မြို့ဆေးရုံကို သွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ အသက် (၅၀)ရှိတဲ့ ဖော်မြူလာဝမ်း ချန်ပီယံဟောင်း မိုက်ကယ်ရှူးမေချာဟာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က ပြင်သစ်နိုင်ငံ အဲလ်ပ်တောင်တန်းမှာ နှင်းလျှောစီးနေရင်း မတော်တဆမှုဖြစ်လို့ ဦးခေါင်းဒဏ်ရာ ပြင်းပြင်းထန်ထန်ရခဲ့ပြီး လပေါင်းများစွာကြာ ကိုမာဖြစ်ခဲ့ပါတယ်။

သူဟာ အသက်(၁၄)နှစ်အရွယ် သားဖြစ်သူ မစ်နဲ့အတူ အားလပ်ရက်ခရီးထွက်ချိန်မှာ မတော်တဆဖြစ်ခဲ့တာပါ။ ဦးခေါင်းညာဘက်ချိုစောင်းနဲ့ ကျောက်တုံး ဆောင့်မိခဲ့လို့ ဦးထုပ်ကွဲသွားပြီး သူ့ကို အရေးပေါ် ဆေးရုံတင်ခဲ့ရပါတယ်။ ခွဲစိတ်ဆရာဝန်တွေက သူ့ခေါင်းထဲက သွေးခဲတွေကို ဖယ်ရှားခဲ့ရပြီး တခြားကုသမှုတွေလုပ်ခဲ့ရပါတယ်။ ဒါပေမဲ့ မိုက်ရှူးမေချာရဲ့မိသားစုက သူ့ကျန်းမာရေးအကြောင်းကို တစ်စုံတစ်ရာ ထုတ်ပြောခဲ့ခြင်းမရှိပါဘူး။

မိုက်ကယ်ရှူးမေချာကို ပဲရစ်မြို့ အနောက်တောင်ပိုင်း ပွမ်ပီဒိုဆေးရုံထံ တင်ပို့ခဲ့ပြီး ပြင်သစ်နိုင်ငံသား ခွဲစိတ်ဆရာဝန် မီနာရှေးက ပင်မဆဲလ်ရောထွေးမှုကို ကုသပေးခဲ့တယ်လို့ Le Parisien သတင်းစာက ဖော်ပြပါတယ်။ အဲဒီသတင်းတွေနဲ့ပတ်သက်ပြီး မိုက်ကယ်ရှူးမေချာရဲ့ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်တစ်စုံတစ်ရာပေးခဲ့ခြင်းမရှိပါဘူး။ မိုက်ကယ်ရှူးမေချာဟာ အထူးပြုစုစောင့်ရှောက်မှုနဲ့ အနှိပ်ကုထုံးတွေ ခံယူနေရပြီး အဲဒီအတွက် ကုန်ကျစရိတ်က
တစ်ပတ်ကို ပေါင် ၅၀၀၀၀ ကျော်ရှိတယ်လို့ MailOnline က ဖော်ပြပါတယ်။
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top