ခါဘီကို UFC ဂန္တဝင် ဂျော့စိန့်ပါရီနဲ့ ပွဲတည်ဖို့ UFC ဥက္ကဋ္ဌ ဆန္ဒရှိနေ

yyl11919006.jpg

ပွဲတိုင်းနိုင် သိုင်းပေါင်းစုံကစားသမား ခါဘီနာမာဂိုမီဒေါ့ဗ်ကို UFC ဂန္တဝင် ကစားသမားဟောင်း ဂျော့စိန့်ပါရီနဲ့ ပွဲတည်ဖို့ UFC ဥက္ကဋ္ဌ ဒါနာဝှိုက်က ထောက်ခံထားပါတယ်။ အသက် ၃၀ အရွယ်ရှိတဲ့ UFC လိုက်ဝိတ်ချန်ပီယံ ခါဘီဟာ ဂျော့စိန့်ပါရီကို လေးစားအားကျခဲ့သူဖြစ်ပြီး အရင်တုန်းက ဂျော့စိန့်ပါရီနဲ့ ထိုးချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။

ခါဘီက ဒက်စတင်ပိုရာကို အနိုင်ရခဲ့တဲ့ UFC-242 ပြိုင်ပွဲအပြီး စာနယ်ဇင်းရှင်းလင်းပွဲမှာ ခါဘီကို ဂျော့စိန့်ပါရီနဲ့တည်ဖို့ အစီအစဉ် ရှိ၊ မရှိ ဒါနာဝှိုက်ကို မေးမြန်းခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒါနာဝှိုက်က ခဏစဉ်းစားပြီး ”သိပ်ရှိတာပေါ့”လို့ ဖြေဆိုခဲ့ပါတယ်။ အသက် ၃၈ နှစ်ရှိတဲ့ ကနေဒါ သိုင်းပေါင်းစုံကစားသမား ဂျော့စိန်ပါရီဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ UFC ပြိုင်ပွဲကနေ အနားယူခဲ့သူပါ။

”သူက လူငယ်တွေအတွက် အရမ်းကောင်းတဲ့ စံပြကစားသမားပါ။ သူ ပြန်ထိုးချင်တယ်ဆိုရင်၊ ပွဲဆာလောင်နေတယ်ဆိုရင်၊ သူ့ရဲ့မှတ်တမ်း ပိုကောင်းအောင် လုပ်နိုင်သေးတယ်လို့ ခံစားရရင် ကျွန်တော်နဲ့ ထိုးလှည့်ပါ။ သူက ခါးပတ်သစ်လိုချင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ ခါးပတ်လိုချင်ရင် ဓာတ်ပုံရိုက်ဖို့လောက်တော့ ခါးပတ် ခဏပေးလို့ရပါတယ်”လို့ ခါဘီက ပြောခဲ့ပါတယ်။

ခါဘီကတော့ ဂျော့စိန်ပါရီနဲ့ ထိုးသတ်မယ့်ပွဲစဉ်က ရလာတဲ့ ငွေအားလုံးကို အကျိုးပြုလုပ်ငန်းအတွက် လှူဒါန်းချင်ပြီး ရန်ပုံငွေပွဲအဖြစ် ထိုးချင်တယ်လို့ ဆိုပါတယ်။ အရင်တုန်းက ခါဘီနဲ့ထိုးချင်တယ်လို့ ပြောခဲ့ဖူးပေမဲ့ UFC က သူ့ရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့ဖူးတယ်လို့ ဂျော့စိန်ပါရီက ထုတ်ပြောခဲ့ပါတယ်။
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top