အန်သိုနီဂျိုရှုအာရဲ့ ထိုးလုံးသတ်ပေါက်က သူ့အကြိုက်ဖြစ်နေလို့ ထပ်နိုင်ဦးမယ်လို့ အန်ဒီရုဇ် ပြော

yyl11919008.jpg

အန်သိုနီဂျိုရှုအာရဲ့ ထိုးလုံးသတ်ပေါက်က သူ့အကြိုက်ဖြစ်နေလို့ ဆော်ဒီမှာ ထိုးသတ်မယ့် စိတ်မကျေပွဲမှာလည်း သူပဲ အနိုင်ရလိမ့်မယ်လို့ မက္ကဆီကို လက်ဝှေ့သမား အန်ဒီရုဇ်ဂျူနီယာက ပြောပါတယ်။ အရင်တုန်းက ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ ရှုံးပွဲမရှိခဲ့တဲ့ ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှုအာဟာ လွန်ခဲ့တဲ့ (၃)လက အန်ဒီရုဇ်ဂျူနီယာကို ဒိုင်ပွဲရပ်နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။

အန်ဒီရုဇ်ကတော့ မက္ကဆီကိုလက်ဝှေ့သမားတွေထဲမှာ ပထမဆုံး ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဖြစ်လာခဲ့ပါတယ်။ သူတို့ ၂ ယောက်ဟာ လာမယ့်ဒီဇင်ဘာလ(၇)ရက်နေ့ကျရင် ဆော်ဒီနိုင်ငံမှာ စိတ်မကျေပွဲနွှဲဖို့ ရှိနေပါတယ်။ ”အန်သိုနီကို လက်ဝှေ့သမားတစ်ယောက်အဖြစ်ရော၊ ယောကျ်ားတစ်ယောက်အဖြစ်ရော၊ သူရယူနိုင်ခဲ့တဲ့ အောင်မြင်မှုတွေအတွက်ရော ကျွန်တော် လေးစားပါတယ်။ ဒါပေမဲ့ သူ့ရဲ့ထိုးလုံးသတ်ပေါက်က ကျွန်တော့်အကြိုက်ဖြစ်နေတာကတော့ သူ့ပြဿနာပါပဲ။ သူက ကျွန်တော့်ရဲ့ လက်သီးတွဲလုံးတွေထဲကနေ ပြေးမလွတ်ဘူးဖြစ်နေတယ်”လို့ အန်ဒီရုဇ်က ပြောခဲ့ပါတယ်။

သူ့အနေနဲ့ ဟဲဗီးဝိတ်ချန်ပီယံခါးပတ်တွေကို နာမည်ကြီးချင်ရုံသက်သက် ရယူခဲ့တာမဟုတ်လို့ လွယ်လွယ်ကူကူ အဆုံးရှုံးခံမှာမဟုတ်ဘဲ သူ့မိသားစု၊ သူ့နိုင်ငံ၊ သူ့လူမျိုးတွေအတွက် အကောင်းဆုံးကြိုးစားသွားမယ်လို့ အန်ဒီရုဇ်က ဆိုပါတယ်။
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top