နှစ် ၅၀ ကျော် အချိန်ယူ တည်ဆောက်ခဲ့တဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်း

1.jpg

ဗိသုကာ ပညာရှင်မဟုတ်သလို ဆောက်လုပ်ရေး အတွေ့အကြုံမရှိသူ တစ်ဦးက ပြင်ပအကူအညီမယူဘဲ ခရစ်ယာန် ဘုရားရှိခိုးကျောင်း တည်ဆောက်နေတာ နှစ် ၅၀ ကျော်ရှိပါပြီ။

ခရစ်ယာန် ဘုန်းတော်ကြီး ဖြစ်ခဲ့ဖူးတဲ့ မာတီနက်ဇ်ဟာ အသက် ၃၈ နှစ်အရွယ်မှာ အဆုတ်နာ ရောဂါကြောင့် ဘုန်းတော်ကြီးအဖြစ်ကနေ နုတ်ထွက်ခဲ့ရပါတယ်။ အဆုတ်နာရောဂါကြောင့် အသက်လုနေရတဲ့ အချိန်မှာ မာတီနက်ဇ်က သူသာ အသက်ဆက်ရှင်ခွင့်ရရင် မယ်တော်မာရီကို ဂုဏ်ပြုတဲ့အနေနဲ့ ဘုရားရှိခိုးကျောင်း တည်ဆောက်မယ်လို့ တိုင်တည်ခဲ့ပါတယ်။

မာတီနက်ဇ်ဟာ ၁၉၆၃ ခုနှစ်မှာတော့ ပိုင်ဆိုင်မှုတွေက ရောင်းချပြီး သူ့ရဲ့မွေးရပ်မြေ မီဂျိုရာဒါဒယ်ကမ်ပိုမှာ ခရစ်ယာန် ဘုရားရှိခိုးကျောင်း စတင်တည်ဆောက်ခဲ့ပါတယ်။ အဲဒီမြို့က စပိန်နိုင်ငံမြို့တော် မက်ဒရစ်နဲ့ ၁၂ မိုင်ပဲ ဝေးပါတယ်။ မာတီနက်ဇ်ဟာ တစ်ခါတရံမှာ သူ့ရဲ့တူ ၆ ဦးထံက အကူအညီ ယူတာကလွဲပြီး ပြင်ပက ငွေကြေးရင်းနှီးမြှပ်နှံမှုနဲ့ စက်ကိရိယာ အကူအညီ၊ လုပ်အားအကူအညီတွေကို ရယူခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

မာတီနက်ဇ်ဟာ ဗာတီကန်နန်းတော်က St Peter’s Basillica ဘုရားကျောင်း၊ အိမ်ဖြူတော် အဆောက်အဦတွေကို အတုယူပြီး ဘုရားကျောင်းကို တည်ဆောက်ခဲ့တာပါ။ သူဟာ မနက်တိုင်း ၃ နာရီခွဲဆို အိပ်ယာကထပြီး ဆောက်လုပ်ရေး လုပ်ငန်းကို တစ်နေ့နည်းနည်း လုပ်ခဲ့ရာမှာ နှစ် ၅၀ ကျော်ချိန်မှာတော့ သူ့ရဲ့ကြိုးပမ်းမှုက ရုပ်လုံးပေါ်လာခဲ့ပါပြီ။ မြို့တော်ကောင်စီက မာတီနက်ဇ်ကို ဘုရားရှိခိုးကျောင်း ဆောက်လုပ်ဖို့ ဆောက်လုပ်မိန့် မချပေးခဲ့ပေမယ့် သူ့ရဲ့ ဘုရားရှိခိုးကျောင်းက ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်နေတဲ့ နေရာဖြစ်လာတာကြောင့် မြို့တော်ကောင်စီက ဆောက်လုပ်မိန့် ကိစ္စကို လျစ်လျူရှုမယ့်ရှိနေတယ်လို့ သိရပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top