အသားရေအိုမင်းရင့်ရော်မှုကို ထိန်းပြီးအသားရေ ပြောင်းလဲသွားစေမယ့် အလှအပထိန်းသိမ်းနည်းများ

22-10-2020-yyl-038.jpg

ဘယ်သူမဆို အသားရေအိုမင်းရင့်ရော်သွားမှာကို ကြောက်ကြပြီး အသားရေနုပျိုချင်ကြတယ်မလား။ ဒါပေမဲ့ တချို့လူတွေက ဝက်ခြံပေါက်တာ၊ အသားရေခြောက်သွေ့တာ၊ အဆီပြန်တာ၊ အရေးအကြောင်းတွေပေါ်တာ၊ အသားရေကြမ်းတမ်းတာတွေလို အရေပြားပြဿနာတွေနဲ့ ကြုံတွေ့နေကြရပါတယ်။ အဲဒါလိုပြဿနာမျိုးတွေ ကြုံတွေ့နေရတဲ့သူတွေအတွက် အသားရေထိန်းသိမ်းနည်းတွေကလည်း အင်တာနက်ပေါ်မှာ အများကြီးတွေ့နေရပါတယ်။ ဘယ်နည်းလမ်းက အသုံးဝင်မလဲ၊ အကောင်းဆုံးဖြစ်မလဲဆိုတာကို ရွေးချယ်ရခက်နေကြရပါတယ်။ အသားရေအိုမင်းရင့်ရော်တာအပါအဝင် အရေပြားပြဿနာတွေကို အခုပြောပြပေးမယ့် နည်းလမ်းတချို့နဲ့ ထိန်းကြည့်လိုက်ပါ။ အသက်ကြီးလာတာကို ရပ်တန့်ပစ်လို့မရပေမဲ့ ဖြစ်လာမယ့် အသားရေအိုမင်းရင့်ရော်လာမယ့် အခြေအနေတွေကိုတော့ နှောင့်နှေးပစ်လို့ရပါတယ်။ ဒီရိုးရှင်းတဲ့အသားရေထိန်းသိမ်းနည်းတွေက သင့်အသားရေကို မထိခိုက်ဘဲ သင့်အသားရေကို ပြောင်းလဲသွားစေပါလိမ့်မယ်။ အသားရေကောင်းချင်ရင်တော့ စိတ်ရှည်ပြီး အချိန်ပေးနိုင်ဖို့တော့ လိုပါတယ်။

မျက်နှာသန့်စင်ပေးပြီး Moisturiser လိမ်းပေးပါ

မျက်နှာက အသားရေကို ထိန်းသိမ်းဖို့အတွက် ပထမဦးစားပေးကတော့ သန့်စင်ပေးဖို့ပါပဲ။ သန့်စင်ပေးတာက ကျန်းမာရေးနဲ့ညီညွှတ်တဲ့အသားရေကို ပိုင်ဆိုင်ရဖို့အတွက် မရှိမဖြစ်အရေးကြီးတဲ့အသားရေထိန်းသိမ်းနည်းတွေထဲက တစ်ခုပါ။ မျက်နှာက ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေကို ဖယ်ရှားဖို့အတွက် နူးညံ့တဲ့မျက်နှာသစ်ဆေးကို အသုံးပြုပါ။ သင့်မျက်နှာသစ်ဆေးက pH ပမာဏ မြင့်မားစွာ ပါဝင်တယ်ဆိုရင် သင့်အသားရေရဲ့ pH ပမာဏကို ထိန်းညှိပေးဖို့အတွက် တိုနာအသုံးပြုပေးရပါမယ်။ မျက်နှာသေချာသန့်စင်ပြီး တိုနာသုံးပြီးသွားရင် သင့်အသားရေကို နူးညံ့သွားဖို့အတွက် Moisturiser ကောင်းကောင်းကို အသုံးပြုပေးဖို့ လိုပါတယ်။

Serum ကို ပွတ်မလိမ်းပါနဲ့။ ပုတ်လိမ်းပေးပါ

Serum လို အသားရေအိုမင်းရင့်ရော်မှုကို ထိန်းတဲ့ ပစ္စည်းကို မျက်နှာမှာ အသုံးပြုတဲ့အခါ ပွတ်မလိမ်းဖို့တော့ အရေးကြီးပါတယ်။ Serum မှာပါဝင်တဲ့ ဂုဏ်သတ္တိတွေ အရေပြားထဲ သေချာစိမ့်ဝင်ဖို့ လိုပါတယ်။ လက်နဲ့ ပုတ်ပုတ်ပြီး Serum ကို လိမ်းပေးတာက သွေးလည်ပတ်မှုကို ကောင်းစေပြီး ငယ်ရွယ်နုပျိုတဲ့အသားရေကို ပေးစွမ်းပါတယ်။

အမြဲတမ်း Sunscreen လိမ်းပေးပါ

Sunscreen လိမ်းပေးတာကလည်း အသားရေအိုမင်းရင့်ရော်တာကို ထိန်းပေးတဲ့ အကောင်းဆုံးအသားရေထိန်းသိမ်းနည်းတွေထဲက တစ်ခုပါပဲ။ နေရောင်ခြည်က အသားရေရဲ့Collagen ဓာတ်တွေကို ဖျက်စီးပစ်ပြီး အရေးအကြောင်းနဲ့ အသားရေအရောင်မညီညာတာတွေ ဖြစ်လာစေနိုင်ပါတယ်။ အရည်အသွေးကောင်းတဲ့ Sunscreen ကို လိမ်းပေးတာက အသားရေကို ပျက်စီးစေနိုင်တဲ့ နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။

မျက်နှာအသားရေကို မထိခိုက်စေမယ့် ပုံစံမျိုးနဲ့ အိပ်စက်ပါ

မျက်နှာကို ခေါင်းအုံးနဲ့မပွတ်မိတဲ့ ခန္ဓာကိုယ်အနေအထားမျိုးနဲ့ အိပ်စက်ပေးပါ။ ခေါင်းအုံးပေါ်လာတင်ပြီး ခေါင်းထားအိပ်စက်တာ၊ ပလက်လန်အနေအထားနဲ့ အိပ်စက်တာတွေက သင့်အသားရေအတွက် အကူအညီဖြစ်စေပါလိမ့်မယ်။ မှောက်ခုံအနေအထားနဲ့ အိပ်စက်မယ်ဆိုရင် မျက်နှာကို ဖိအားများစေပြီး အရေးအကြောင်းတွေဖြစ်လာစေနိုင်ပါတယ်။ ဒါပေမဲ့ အိပ်စက်တဲ့ပုံစံအနေအထားကို သင်က ပြောင်းလဲမပစ်နိုင်ဘူးဆိုရင် မျက်နှာရဲ့အသားရေကို မထိခိုက်စေမယ့် သန့်ရှင်းပြီး နူးညံ့တဲ့ခေါင်းအုံးကို ရွေးချယ်အသုံးပြုသင့်ပါတယ်။

ကျန်းမာရေးနဲ့ညီညွှတ်စွာ စားပါ

အသားရေပြဿနာတော်တော်များများက ဆိုးရွားတဲ့စားသောက်နည်းအလေ့အထတွေကြောင့်ဖြစ်လာရပါတယ်။ ကျန်းမာတဲ့အသားရေဖြစ်ဖို့အတွက် သင့်အသားရေကို ရေဓာတ်ကုန်ခန်းစေမယ့် အယ်ကိုဟောအလွန်အကျွံသောက်တာကို ရှောင်သင့်ပါတယ်။ အချိုများပြီး ကာဗွန်ဟိုက်ဒရိတ်များတဲ့ အစားအစာတွေကလည်း အခြားအစားအစာတွေထက်ပိုပြီး အသားရေကို အိုမင်းရင့်ရော်စေနိုင်ပါတယ်။ ဒီလိုအစားအစာမျိုးတွေကို ရှောင်ပြီး အသားရေရဲ့ Collagen ဓာတ်ကို မြှင့်တင်ပေးနိုင်မယ့် ပရိုတင်းဓာတ်ပိုများတဲ့အစားစာတွေ၊ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေကို စားပေးသင့်ပါတယ်။

Ref: 5 anti-ageing skincare tips that will TRANSFORM your skin!

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top