ကလေးရဲ့အရပ် ရှည်လာစေမယ့် လွယ်ကူတဲ့လေ့ကျင့်ခန်း (၅) မျိုး

16-9-2021-yyl4.jpg

ဘယ်မိဘမဆို သူတို့ရဲ့သားသမီးတွေကို သင့်တင့်တဲ့အရပ်အမြင့်ရှိစေချင်ကြတာပါ။ အရပ်အမြင့်ကလည်း ကလေးတွေရဲ့ကိုယ့်ကိုယ်ကိုယုံကြည်ချက်ရှိမှုကို တိုးလာစေနိုင်ပါတယ်။ မျိုးရိုးဗီဇနဲ့လည်း လူတစ်ယောက်ရဲ့အရပ်အမြင့် ဘယ်လောက်ထိရှည်နိုင်မလဲဆိုတာ ဆုံးဖြတ်နိုင်ပါတယ်။ မိဘက အရပ်ရှည်ရင် သားသမီးကလည်း အရပ်ရှည်ကြပါတယ်။ မိဘက အရပ်ပုရင်လည်း သားသမီးက အရပ်ပုနိုင်ပါတယ်။ ဒါပေမဲ့ ငယ်စဉ်ကတည်းက ကလေးကို အရပ်မပုအောင် အရပ်ရှည်လာအောင် လုပ်ဆောင်ပေးလို့တော့ရပါတယ်။ ဒါကြောင့် ကလေးကို သင့်တင့်တဲ့အရပ်အမြင့်ရဖို့အတွက် ကူညီပေးနိုင်မယ့် ထိရောက်တဲ့ လေ့ကျင့်ခန်း (၅) မျိုးကို ဗဟုသုတဖြစ်ဖွယ်မျှဝေပေးချင်ပါတယ်။

ရေကူးခြင်း

ရေကူးတာက ကွေးနိုင်ဆန့်နိုင်အားတိုးစေပြီး ခန္ဓာကိုယ်အတွင်းက ဆဲလ်တွေကို လှုပ်ဆော်ပေးပါတယ်။ ရေကူးတာက အရပ်အမြင့်ကို သဘာဝအတိုင်း ရှည်လာစေဖို့ အကူအညီပေးမယ့် ကြွက်သားတိုင်းကို လှုပ်ဆော်ပေးနိုင်ပါတယ်။

ဘားဆွဲလေ့ကျင့်ခန်း

ဘားဆွဲတာက အရပ်ရှည်လာစေမယ့် အကောင်းဆုံးလေ့ကျင့်ခန်းတွေထဲက တစ်ခုပါ။ လက်မောင်းရဲ့ခံနိုင်ရည်ကိုတိုးစေပြီး အပေါ်ပိုင်းခန္ဓာကိုယ်ကြွက်သားတွေကို လှုပ်ဆော်တဲ့နေရာမှာ အကူအညီဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ပုံဖော်ပေးခြင်းက အရပ်ရှည်လာစေနိုင်ပါတယ်။

ခါးကိုင်းပြီး ခြေဖျားထိလေ့ကျင့်ခန်း

ခါးကိုင်းပြီး ခြေဖျားထိရတဲ့ လေ့ကျင့်ခန်းက ကျောနဲ့ ခါးက ကြွက်သားတွေကိုလှုပ်ဆော်ပေးနိုင်တဲ့ လွယ်ကူတဲ့လေ့ကျင့်ခန်းပါ။ ပေါင်တံကြွက်သားတွေကို နှိပ်နယ်ပေးရာလည်းရောက်ပါတယ်။ အရပ်ရှည်လာဖို့အတွက် ခါးကိုင်းပြီးခြေမကို ထိဖို့ ကြိုးစားပါ။ ဒါပေမဲ့ လုပ်သင့်တဲ့ပမာဏထက်ကျော်ပြီးတော့ ကလေးကို တွန်းအားမပေးပါနဲ့။ ဒီလေ့ကျင့်ခန်းကို ငယ်စဉ်ကတည်းက ကလေးတွေကို လုပ်ဆောင်ခိုင်းလို့ရပါတယ်။

မြွေဟောက်အနေအထား

မြွေဟောက်အနေအထားမျိုးလုပ်ဖို့ဆိုရင် မောက်လျားထိုးလိုက်ပြီး တဖြည်းဖြည်းချင်း အပေါ်ပိုင်းခန္ဓာကိုယ်ကို မ,တင်ပါ။ ခန္ဓာကိုယ်ရဲ့ဆဲလ်တွေ ကြီးထွားနိုင်စွမ်းကို မြှင့်တင်ဖို့ ခန္ဓာကိုယ်က ခွင့်ပြုသလောက် ကွေးပါ။

ကြိုးခုန်တာ

ကြိုးခုန်တာကို ကလေးတိုင်း လုပ်ချင်ကြတဲ့ ပျော်စရာလေ့ကျင့်ခန်းတစ်ခုပါပဲ။ အရပ်ရှည်အောင် ကူညီပေးနိုင်တဲ့ လေ့ကျင့်ခန်းလည်းဖြစ်ပါတယ်။ ကြိုးခုန်တာက ခေါင်းကနေ ခြေဖျားထိ ခန္ဓာကိုယ်ရဲ့ဆဲလ်တွေကို အစပျိုးပြီး ဆဲလ်တွေ လှုပ်ရှားလာအောင်ကူညီပေးပါတယ်။ ဒီလိုကြွက်သားလေ့ကျင့်ခန်းအမျိုးအစားက ခန္ဓာကိုယ်ကြီးထွားဖို့နဲ့ အရပ်ရှည်လာဖို့အတွက် အကောင်းဆုံးပါပဲ။

Ref: 5 easy exercises to increase your child’s height

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top