သင့်ခန္ဓာကိုယ်က ရေဓာတ်လိုအပ်နေကြောင်း ပြနေတဲ့လက္ခဏာရပ်များ

yyl-032-9.jpg

ကျွန်တော်တို့ရဲ့တစ်နေ့တာမှာ ရေကလည်း မရှိမဖြစ်အရေးပါတဲ့ အရာတွေထဲက တစ်ခုပါပဲ။ မနက်မိုးလင်းလာတာနဲ့ ရေကို မဖြစ်မနေ သောက်ပေးသင့်ပါတယ်။ ဒါမှ ကျန်းမာရေးကောင်းစွာနဲ့ တစ်နေ့တာကို ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ တစ်နေ့ကို ရေ (၂) လီတာ သောက်ပေးရမယ်ဆိုတဲ့စကားကို ကျွန်တော်တို့တွေ ခဏခဏ ကြားဖူးကြပါတယ်။ ကျွန်တော်တို့တွေ ကျန်းမာစွာ နေထိုင်နိုင်ဖို့အတွက် ခန္ဓာကိုယ်က ရေဓာတ်ကုန်ခန်းမှုတွေမှမဖြစ်အောင် အထူးဂရုစိုက်ဖို့ လိုပါတယ်။ သင့်ခန္ဓာကိုယ်က ရေဓာတ်လိုအပ်နေကြောင်း ပြတဲ့လက္ခဏာရပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ခေါင်းကိုက်ခြင်း

သင့်ခန္ဓာကိုယ်က ရေဓာတ်ကုန်ခန်းလာတဲ့အခါ ဦးနှောက်က အရည်ဆုံးရှုံးကနေ ယာယီလျော့ကျသွားနိုင်ပါတယ်။ ဦးခေါင်းခွံကနေ ဦးနှောက်ကို ဆွဲဆန့်သလိုဖြစ်စေတဲ့အတွက် နာကျင်မှုတွေဖြစ်ပြီး ရေဓာတ်ကုန်ခန်းခြင်းရဲ့ရလဒ်ဖြစ်တဲ့ ခေါင်းကိုက်ခြင်းကို ခံစားရတာဖြစ်ပါတယ်။

အာရုံစိုက်မှုအားနည်းခြင်း

လူသားတွေရဲ့စိတ်က ရေ (၉၀) ရာခိုင်နှုန်းဝန်းကျင်ကို ထိန်းချုပ်ထားတဲ့အတွက် ရေဓာတ်ကုန်ခန်းသွားတဲ့အခါ သေချာပေါက် အရိပ်အမြွတ်ပြပါတယ်။ ရေဓာတ်ကုန်ခန်းရင် စိတ်မကြည်တာ၊ အာရုံမစိုက်တာတွေဖြစ်နိုင်ပါတယ်။

နှာခေါင်းခြောက်ခြင်းနှင့် ခံတွင်းအနံ့မကောင်းခြင်း

ရေဓာတ်ကုန်ခန်းခြင်းက ပါးစပ်မှာ ဘတ်တီးရီးယားတိုက်ဖျက် အားနည်းသွားစေပါတယ်။ ပါးစပ်အတွင်းမှာ ဘတ်တီးရီးယားတွေ ပိုဖြစ်စေပြီး ပါးစပ်နံတာ၊ နှာခေါင်းခြောက်တာတွေ ဖြစ်လာနိုင်ပါတယ်။

အစားအစာ အာသိသပြင်းပြခြင်း

ရုတ်တရက် အစားအစာချင်စိတ် ဖြစ်လာတဲ့အခါတိုင်း တစ်ခုခုမစားခင် ရေတစ်ခွက်သောက်ပေးပါ။ တကယ်တော့ သင် ရေဓာတ်လိုအပ်နေတာ ဖြစ်တဲ့အတွက် ဗိုက်ဆာသလို ခံစားရတာဖြစ်ပါတယ်။ ရေဓာတ်လိုတဲ့အခါ ဗိုက်ဆာတယ်ဆိုတဲ့ သတိပေးချက်အမှားကို ခန္ဓာကိုယ်က အချက်ပြပါတယ်။

ထုံထိုင်းပြီး ပင်ပန်းနွမ်းလျခြင်း

သင်က ထုံထိုင်းပြီး နွမ်းလျသလို ခံစားရရင်တော့ ရေဓာတ်ကုန်ခန်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ရေဓာတ်ကုန်ခန်းခြင်းက ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးလည်ပတ်မှုအားနည်းစေပြီး အောက်ဆီဂျင်ထောက်ပံ့မှုလည်း မလုံလောက်တော့ပါဘူး။ အောက်ဆီဂျင် မလုံလောက်တဲ့အခါ ထုံထိုင်းတာ၊ ပျင်းရိနှေးကွေးတာတွေ ဖြစ်လာနိုင်ပါတယ်။

Ref: Signs that your body needs water

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top