ငါးလအတွင်း ကလေးသူငယ် (၉၀၀) ကျော်ကို Save the Children က ကူညီထောက်ပံ့ပေးခဲ့

CH1328560-crop_0.jpg

ရန်ကုန်၊ စက်တင်ဘာ (၁၆)

(၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလမှ ဇွန်လအထိ အကူညီလိုအပ်နေတဲ့ မြန်မာနိုင်ငံက ကလေးသူငယ် (၉၀၀) ကျော်ကို Save the Children က ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

ပြည်နယ်နဲ့တိုင်း (၁၃) ခုက ယောက်ျားလေး (၅၈၀) နဲ့ မိန်းကလေး (၃၉၁) ဦး စုစုပေါင်း ကလေးသူငယ် (၉၇၁) ဦးကို ကူညီထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။

Save the Children က ကလေးသူငယ်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ကြုံတွေ့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ လျော့ပါးသက်သာစေရန်၊ ထိခိုက်နာကျင်ဖွယ်ရာ အဖြစ်အပျက်တွေအပေါ်မှာ ခံစားနေရတဲ့ စိတ်ဒဏ်ရာတွေကို အတိုင်းအတာတစ်ခုအထိ နာလန်ထလာပြီး ပုံမှန်ခံစားချက်၊ ပုံမှန်နေထိုင်လှုပ်ရှားမှုတွေကို ပြန်လည်ရရှိလာစေရန် ကူညီပံ့ပိုးမှုတွေ ပြုလုပ်ပေးနေတာဖြစ်ပါတယ်။

စာသင်ကျောင်း သွားခွင့်မရသေးတဲ့ ကလေးငယ်တွေအဖို့ သင်ကြားမှု၊ သင်ယူမှုတွေ ရပ်ထားမယ်ဆိုရင် သူတို့ရဲ့ အနာဂတ်ကို စိုးရိမ်မကင်းဖြစ်စရာဖြစ်နေပြီး ကလေးငယ်တွေဟာ အချိန်နဲ့အမျှ ခန္ဓာကိုယ်ရော ဦးနှောက်ပါ ဖွံ့ဖြိုးနေဖို့လိုအပ်တယ်လို့ Save the Children ကထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါ့ပြင် ကလေးသူငယ် (၅၆၀၈၂) ဦးအတွက် နေအိမ်အခြေပြု ပညာသင်ယူလေ့လာမှုဆိုင်ရာ ပစ္စည်းတွေကို ဖြန့်ဝေပေးခဲ့ပြီး ကလေးငယ်တွေရဲ့ သင်ယူလေ့လာမှုတွေအတွက် နောက်ဆက်တွဲ ကူညီမှုတွေကို ဆက်လက်ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Save the Children ရဲ့ နေအိမ်အခြေပြု ပညာသင်ယူလေ့လာမှုအစီအစဉ်ကို ကိုဗစ်ရောဂါဆိုင်ရာ တုံ့ပြန်မှုတစ်ခုအနေနဲ့ ပြည်နယ် (၅) ခုက ကျေးရွာပေါင်း (၄၃၀)၊ ရပ်ရွာ ပညာရေး စေတနာ့ဝန်ထမ်း (၅၇၀) ဦးရဲ့ ပါဝင်မှုနဲ့အတူ ၂၀၂၀ ခုနှစ်မှာ စတင်ခဲ့ပါတယ်။

Photo- Save the Children
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top