ဘာလီကျွန်းက ဟိုတယ်မှာ ဓာတ်လှေကားကြိုးပြတ်ကျလို့ လူ ၅ ဦး သေဆုံး

4.9.23-yyl-2.jpg

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက ဟိုတယ်တစ်လုံးမှာ ဓာတ်လှေကား ကေဘယ်ကြိုး ပြတ်ပြီး ချောက်ထဲ ပြုတ်ကျခဲ့လို့ ဟိုတယ်ဝန်ထမ်း ၅ ဦး သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်က အယုတ္တရအပန်းဖြေစခန်းမှာ အခုလို ဖြစ်ပွားခဲ့တာပါ။

ဟိုတယ်ဝန်ထမ်း အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ဟာ ၃၅ ဒီဂရီတိမ်းစောင်းတဲ့ ဆင်ခြေလျှောမှာ တပ်ဆင်ထားတဲ့ မှန်ချပ်ကာ ဓာတ်လှေကား စီးနေတုန်း ကေဘယ်ကြိုး ပြတ်ပြီး မီတာ ၁၀၀ နက်တဲ့ ချောက်ထဲ ပြုတ်ကျသွားခဲ့တာပါ။ သူတို့ ၅ ယောက်ဟာ ဟိုတယ် အိပ်ခန်းဆောင်ထိန်းသိမ်းရေးဌာန ဝန်ထမ်းတွေ ဖြစ်ပါတယ်။

ဓာတ်လှေကား ပြုတ်ကျပြီး အော်သံတွေ ကြားလို့ စားဖိုမှူးက သွားကြည့်ပြီး အရေးပေါ်ဌာနကို ဖုန်းဆက်အကြောင်းကြားခဲ့တာပါ။ သူတို့ ၅ ယောက်အနက် ၃ ယောက်က အသက်ရှူနေသေးလို့ အနီးနားက ဆေးရုံ တင်ပို့ခဲ့ပေမဲ့ ဆေးရုံပေါ်မှာ ကွယ်လွန်သွားခဲ့ကြတာပါ။

ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ ကေဘယ်ကြိုးဟာ ဓာတ်လှေကားဝန်ကို မနိုင်လို့ ပြတ်ကျသွားခဲ့တာလို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ပေါ့ဆမှုကြောင့် သို့မဟုတ် ပြုပြင်ထိန်းသိမ်းမှုမရှိလို့ ဖြစ်ပွားခဲ့သလားဆိုတာကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။ ဟိုတယ်ပိုင်ရှင်ကတော့ ဝမ်းနည်းကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ကွယ်လွန်သူတွေရဲ့ ဈာပနလုပ်ပေးကာ ကျန်ရစ်သူမိသားစုတွေကို နစ်နာကြေးပေးမယ်လို့ ဆိုပါတယ်။

Ref: 5 hotel workers at Bali resort killed after lift cable snapped, plunging them into ravine

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top