မိဘတွေက ဝယ်ပေးဖို့မတတ်နိုင်တဲ့ ပွဲတက်ဝတ်စုံကို ညီမလေးအတွက် အစ်ကိုက ဖြည့်ဆည်းပေးခဲ့

yyl-011-9.jpg

ညီအစ်ကို၊ မောင်နှမတွေကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့ ကူညီထောက်ပံ့ပေးမှုတွေက ပုံစံအမျိုးမျိုးနဲ့လာကြတာပါ။ တချို့ညီအစ်ကိုမောင်နှမတွေက မိမိတို့ရဲ့ညီငယ်၊ ညီမငယ်တွေအတွက် မိဘတာဝန်ကိုတောင် ယူနိုင်ကြပါတယ်။ မိဘသဖွယ် သူတို့ရဲ့ညီငယ်ညီမငယ်တွေကို ပြုစုစောင့်ရှောက်ပေးကြပါတယ်။ အခုလည်း ဖိလစ်ပိုင်နိုင်ငံက မာဗီရစ် ဖရန်စစ်ကို အိုယာအိုဆိုတဲ့ အမျိုးသားဟာ သူ့ရဲ့ညီမလေး လုအာဆေးလိုအပ်နေတဲ့ ပွဲတက်ဝတ်စုံကို သူကိုယ်တိုင်ဖန်တီး ချုပ်လုပ်ပေးခဲ့ပါတယ်။ သူ့ရဲ့မိဘတွေက ဝတ်ပေးဖို့မတက်နိုင်တဲ့အတွက် အခုလို အစ်ကိုတစ်ယောက်ရဲ့တာဝန်ကို ကျေပွန်ပေးခဲ့တာဖြစ်ပါတယ်။ သူ ချုပ်လုပ်ဖန်တီးထားတဲ့ နတ်သမီးပုံပြင်ထဲကလို ဝတ်စုံလေးရဲ့ပုံတွေက လူမှုကွန်ယက်အကောင့်မှာ ပျံ့နှံ့လို့နေပါတယ်။

မာဗီရဲ့ညီမလေးက ကျောင်းကပွဲကို တက်ရောက်ချင်ခဲ့တာပါ။ ဒါပေမဲ့ ပွဲတက်ဝတ်စုံတန်ဖိုးက မယုံနိုင်လောက်အောင် ဈေးကြီးပြီး ငှားရမ်းဖို့တောင် သူ့မိဘတွေက မတတ်နိုင်ခဲ့တာကြောင့် မာဗီက သူ့ညီမကို ပျော်ရွှင်စေဖို့ရာ သူကိုယ်တိုင်လုပ်ပေးဖို့ဆုံးဖြတ်ခဲ့တာပါ။

မာဗီက သူ့ညီမအတွက် ဝတ်စုံကို သူကိုယ်တိုင် ဒီဇိုင်းအကြမ်းဆွဲပြီး ဖန်တီးခဲ့တာဖြစ်ပါတယ်။ တချို့လူတွေက အကူအညီနဲ့ ဝတ်စုံဖန်တီးဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူခဲ့ပါတယ်။ ပုံတွေထဲမှာ သူဘယ်လိုဖန်တီးခဲ့လဲဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ သူ့ရဲ့လက်တွေနဲ့ ဝတ်စုံကို ဒီဇိုင်းဖော်ခဲ့သလို ဂါဝန်ရဲ့တစ်စိတ်တစ်ပိုင်းကိုလည်း ဆေးရည်နဲ့ ပန်းချီတောင်ဆွဲခဲ့ပါသေးတယ်။ အဲဒီကျောင်းကပွဲက ချစ်သူများနေ့မှာ ကျင်းပခဲ့တာပါ။ မာဗီဖန်တီးခဲ့တဲ့ဝတ်စုံက သူ့ညီမအပေါ်ထားတဲ့ အစ်ကိုတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကို ထင်ဟပ်လို့နေပါတယ်။ မာဗီကတောင် သူ့ညီမကို ကူညီပံ့ပိုးပေးဖို့အတွက် လက်မထပ်တော့ဘူးလို့ စနောက်ခဲ့ပါတယ်။

မာဗီက Michael Cincoရဲ့ Spring and summer collection ကနေ မှီငြမ်းပြီး ဂါဝန်ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ တချို့လူတွေက ဂါဝန်အတွက်လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်နိုင်ဖို့အတွက် ငွေရေးကြေးရေးကူညီခဲ့တယ်လို့သိရပါတယ်။ သူက စီးပွားဖြစ်ဒီဇိုင်းနာတစ်ယောက်မဟုတ်ပါဘူး။ သူက ယဉ်ကျေးမှုနဲ့အနုပညာကို တက္ကသိုလ်မှာ သင်ယူခဲ့တာဖြစ်တယ်လို့ အင်တာနက်အသုံးပြုသူတွေကို ပြောခဲ့ပါတယ်။ ဒီဝတ်စုံကို ချုပ်လုပ်ပြီးစီးဖို့အတွက် တစ်ပတ်လောက်အချိန်ယူခဲ့ရတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

မာဗီရဲ့ညီမက ကျောင်းကပွဲမှာ အကောင်းဆုံးဝတ်စုံဆုတော့မရခဲ့ပါဘူး။ ဒါပေမဲ့ သူတို့နှစ်ယောက်လုံးက ရလဒ်မကောင်းခဲ့ပေမဲ့ ပျော်ရွှင်ခဲ့ရပါတယ်။ မာဗီရဲ့ညီမကလည်း အဲဒီဝတ်စုံလေးနဲ့ ဒစ်စနေးမင်းသမီးလေးနဲ့တောင် တူနေပါတယ်။ တချို့အင်တာနက်အသုံးပြုသူတွေက ဝတ်စုံကို နည်းနည်းအပြောင်းအလဲလုပ်လိုက်မယ်ဆိုရင် ပိုပြီးကြည့်ကောင်းမယ်လို့ အကြံပေးထားကြပါတယ်။

Ref: Parents Can’t Afford To Rent A Gown For Girl’s Prom, Brother Steps Up And Makes Her One Instead

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top