အင်းဆက်ပိုးမွှားကိုက်ခံရရင် ချက်ချင်း ကုသလို့ရမယ့် နည်းလမ်းတချို့

24-9-2020-yyl-032.jpg

အင်းဆက်ပိုးမွှားကိုက်ခံရတာမျိုးနဲ့ ကျွန်တော်တို့ ကြုံတွေ့ဖူးကြတယ်မလား။ ကိုက်ခံရရင်လည်း ယားယံတာတွေ ချက်ချင်းတန်းပျောက်ချင်ကြတယ်။ အင်းဆက်ကိုက်ခံရတာဆိုရင် အမာရွတ်ကျန်တာတွေ၊ အနာရင်းလာတာတွေလည်း ဖြစ်ချင်ကြမှာမဟုတ်ပါဘူးနော်။ သေချာတာကတော့ အင်းဆက်ကိုက်ခံရရင်တော့ ကိုက်ခံရတဲ့နေရာမှာ ရောင်ရမ်းနီမြန်းလာပါလိမ့်မယ်။ အင်းဆက်ပိုးမွှားကိုက်ခံရတဲ့အခါ သင့်ကို အကူအညီဖြစ်စေမယ့် နည်းလမ်းတချို့ကို ကျွမ်းကျင်ပညာရှင်တချို့က အကြံပြုထားပါတယ်။

အင်းဆက်ကိုက်ခံရတဲ့နေရာကို ရေဆေးချပြီး သက်သာအောင်လုပ်ပါ

အင်းဆက်ပိုးမွှားကိုက်ခံရတာကို သက်သာသွားစေမယ့် အကောင်းဆုံးကုသနည်းတွေထဲက တစ်ခုကတော့ ကိုက်ခံရတဲ့နေရာကို ဆပ်ပြာ၊ ရေတို့နဲ့ ဆေးပေးဖို့ပါပဲ။ အဲဒီနောက် ယားယံမှုကို ပျောက်သွားစေမယ့် ဆေးတစ်မျိုးမျိုးလိမ်းပေးလို့ရပါတယ်။ Hydrocortisone ခရင်မ်ကလည်း ဒဏ်ရာကို မြန်မြန်ဆန်ဆန်သက်သာသွားအောင် လုပ်ပေးနိုင်စွမ်းရှိပါတယ်။

ရေခဲကပ်ပါ

အကိုက်ခံရတဲ့အရေပြားပေါ်မှာ ရေခဲတုံးကပ်ထားတာကလည်း ယားယံမှုကို ချက်ချင်းသက်သာသွားစေနိုင်ပါတယ်။ အပူချိန်ချိန်ကျသွားတာနဲ့ နီမြန်းရောင်ရမ်းခြင်းကိုလျော့နည်းသွားစေဖို့အတွက် ကားနေတဲ့သွေးကြောတွေကို ကျုံ့သွားစေပါလိမ့်မယ်။ အအေးဓာတ်က အသားရေကို တုံကျင်လာစေတဲ့အတွက် ချက်ချင်းသက်သာသွားစေနိုင်ပါတယ်။

မရှိမဖြစ်ဆီ (Essential Oil) ကို အသုံးပြုပါ

လာဗင်ဒါအဆီ၊ Tea Tree အဆီတို့ကို ရောစပ်ပြီး အင်းဆက်ကိုက်ခံရတဲ့နေရာမှာ လိမ်းပေးလို့လည်းရပါတယ်။ မရှိမဖြစ်အဆီတွေက ဘတ်တီရီးယားနဲ့ နီမြန်းရောင်ရမ်းခြင်းကို တွန်းလှန်ပစ်နိုင်တဲ့ဂုဏ်သတ္တိတွေ ပါဝင်တဲ့အတွက် ပိုးကောင်ကိုက်ခံရရင် ယားယံမှုတွေ သက်သာအောင် လုပ်ပေးနိုင်ပါတယ်။

နီမြန်းရောင်ရမ်းခြင်းကို တွန်းလှန်ပေးနိုင်တဲ့ပါဝင်ပစ္စည်းတို့ကို အသုံးပြုပါ

အုတ်ဂျုံမှုန့်ကလည်း အင်းဆက်ကိုက်ခံရခြင်းကြောင့်ဖြစ်တဲ့ ယားယံတာ၊ ရောင်ရမ်းတွေ၊ နီမြန်းတာတွေကို သက်သာသွားစေနိုင်ပါတယ်။ ရှောင်စောင်းလက်ပက်ကလည်း အလားတူစွမ်းဆောင်နိုင်ပါတယ်။ ရောဂါပိုးမဝင်အောင် ကူညီပေးနိုင်တဲ့အပြင် ထိခိုက်ဒဏ်ရာအသေးအမွှားတွေကိုလည်း ကုသပေးနိုင်ပါတယ်။ ပျားရည်ကလည်း အင်းဆက်ကိုက်ခံရတဲ့အခါမှာလည်း အသုံးပြုလို့ရပါတယ်။ ပျားရည်က ယားယံတာမဖြစ်အောင် ကာကွယ်ပေးတဲ့အပြင် အကိုက်ခံရတဲ့နေရာကိုလည်း ရေဓာတ်ထိန်းပေးမှာဖြစ်ပါတယ်။

အင်းဆက်ပိုးမွှားအန္တရာယ်မှာ ကြိုတင်ကာကွယ်ခြင်း

အင်းဆက်ပိုးမွှားကိုက်ခံရတာနဲ့ ပတ်သက်ပြီးတော့ ကြိုတင်ကာကွယ်တာက ကုသတာထက် ပိုကောင်းပါတယ်။ ဒါကြောင့် အင်းဆက်ပိုးမွှားတွေ မလာနိုင်အောင် သင့်အိမ်နားတစ်ဝိုက်မှာ ဆေးဖြန်းထားပါ။ သင့်အသားရေမှာလည်း အင်းဆက်မလာနိုင်အောင် သဘာဝဆေးရည်ရှိပါတယ်။ သံပုရာဆီ၊ ယူကလစ်အဆီပါတဲ့ စပရေးဘူးကလည်း အကူအညီပေးနိုင်ပါတယ်။

Ref: 5 instant ways to cure an insect bite

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top