ဆောင်းရာသီမှာ ကိုယ်ဝန်ဆောင်သည်တွေ ဘေးကင်းကျန်းမာစွာနေထိုင်နိုင်စေမယ့် နည်းလမ်းများ

26-1-2021-yyl-14.jpg

ကိုယ်ဝန်ဆောင်ရတာက အမျိုးသမီးတွေရဲ့ဘဝမှာ စိတ်လှုပ်ရှားပြီး ပျော်ရွှင်ကြည်နူးရဆုံးအခိုက်အတန့်ပါပဲ။ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ သားသားမီးမီးတွေ ကျန်းမာစွာမွေးဖွားလာစေဖို့အတွက် မိခင်ကျန်းမာနေဖို့က အရမ်းအရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေက ဆောင်းတွင်းကာလမှာ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ဂရုစိုက်ပေးသင့်ပါတယ်။ ဆောင်းရာသီမှာ ကိုယ်ဝန်ဆောင်နေရတာက ခက်ခဲနိုင်ပါတယ်။ အအေးဒဏ်ကြောင့် ဘေးကင်းလုံခြုံကျန်းမာစွာ ဘယ်လိုနေထိုင်ရမလဲဆိုတာကို တွေးပူနေရမှာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်သည်တွေအတွက် ဆောင်းတွင်းကာလမှာ ကျန်းမာစွာနေထိုင်နိုင်မယ့် နည်းလမ်းတချို့ကို မျှဝေပေးလိုက်ရပါတယ်။

ရေဓာတ်ပြည့်ဝအောင်နေဖို့ မမေ့ပါနဲ့

ဆောင်းရာသီမှာ အအေးဓာတ်ကြောင့် ရေဓာတ်ကုန်ခန်းလည်း ကိစ္စမရှိဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ ဆောင်းလေက အရမ်းခြောက်သွေ့နိုင်တဲ့အတွက် ကိုယ်ဝန်ဆောင်သည်တွေက ချွေးထွက်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရေလုံလုံလောက်လောက်မသောက်ဘူးဆိုရင် ရေဓာတ်ကုန်ခန်းလာနိုင်ပါတယ်။ ဆောင်းရာသီမှာ ရေများများသောက်ပေးဖို့လိုအပ်ပါတယ်။

လူတွေနဲ့ တတ်နိုင်သမျှရှောင်ပါ

ဆောင်းရာသီအတွင်း ကိုယ်ဝန်ဆောင်သည်သွားတဲ့နေရာနီးပါးမှာ လူတွေ ဖျားနာတာ၊ နှာချေ၊ ချောက်ဆိုးတာမျိုးတွေ တွေ့ရမှာပါ။ အခုလိုကပ်ရောဂါအတွင်းမှာ ကိုယ်ဝန်ဆောင်သည်တွေက အထူးဂရုစိုက်သင့်ပါတယ်။ လူတွေနဲ့ ခပ်ခွာခွာနေပြီး လက်ကို မကြာခဏဆေးပေးပါ။ ရာသီတုပ်ကွေးကူးစက်ခံရမှုကနေ ကာကွယ်ဖို့အတွက်လည်း ရာသီတုပ်ကွေးကာကွယ်ဆေးထိုးထားသင့်ပါတယ်။

လှုပ်လှုပ်ရှားရှားနေပါ

ကိုယ်ဝန်ဆောင်သည်တွေလည်း ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။ ဒါပေမဲ့ ဘေးကင်းတဲ့လေ့ကျင့်ခန်းမျိုးပါပဲ။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းက ကိုယ်ဝန်ကြောင့် နာကျင်တာတွေ၊ ယားယံတာတွေကို သက်သာအောင်ကူညီပေးနိုင်ပါတယ်။ ဆောင်းတွင်းမှာဆိုရင် ကိုယ်ဝန်ဆောင်သည်တွေတင်မဟုတ်ဘဲ လူအများစုကလည်း အအေးဒဏ်ကြောင့် ပျင်းရိပြီး ဘာမှလုပ်ချင်မကိုင်ချင်စိတ်ဖြစ်တတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်သည်တွေကလည်း လှုပ်လှုပ်ရှာရှားနေဖို့ လိုအပ်ပါတယ်။ လမ်းလျှောက်ပေးတာလို ကိုယ်ဝန်ဆောင်သည်တွေ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းမျိုးလုပ်ပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေအတွက် အန္တရာယ်များတဲ့ လေ့ကျင့်ခန်းမျိုးကိုတော့ ရှောင်ပေးပါ။

အပြင်ထွက်ပြီး လမ်းလျှောက်တဲ့အခါ သတိထားပါ

တချို့နေရာတွေမှာ ဆောင်းရာသီမနက်ခင်းပိုင်းဆိုရင် နှင်းကျသလို မြူတွေဆိုင်းနေတတ်ကြပါတယ်။ မြူခိုးတွေ၊ နှင်းတွေကြောင့် လမ်းချော်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်သည်တွေက အပြင်ထွက်ပြီး လမ်းလျှောက်တဲ့အခါ ချော်လဲတာတွေမဖြစ်အောင် သတိထားလျှောက်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေက အခြားသူတွေထက်ပိုပြီး ချော်လဲတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေက ကမ္ဘာမြေကြီးဆွဲအားရဲ့အလယ်ဗဟိုကို ပြောင်းလဲနိုင်တဲ့အတွက်ကြောင့်ပါ။

အသားရေမခြောက်အောင် ဂရုစိုက်ပါ

ဆောင်းရာသီမှာ သေချာပေါက် အသားရေခြောက်တာတွေဖြစ်ကြပါတယ်။ သင်က ကိုယ်ဝန်ဆောင်သည်ဆိုရင် ဝမ်းဗိုက်တစ်ဝိုက် အရေပြားခြောက်သွေ့မှုတွေမဖြစ်အောင် ဂရုစိုက်ပေးသင့်ပါတယ်။ ရေပူနဲ့ ရေချိုးတာကို ရှောင်ပြီး နေ့တိုင်း အမွှေးနံမပါတဲ့ Moisturizer ကို အသုံးပြုပေးသင့်ပါတယ်။

Ref: 5 TIPS FOR A SAFE AND HEALTHY WINTER PREGNANCY
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top