ဆီးနှင်းထူထပ်လို့ ဂျပန်ပြည်တွင်းလေကြောင်းခရီးစဉ် ရာချီ ဖျက်သိမ်းခဲ့ရ

27.12.2021yyl11.jpg

ဂျပန်နိုင်ငံ အနောက်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ ဆီးနှင်းထူထပ်စွာ ကျဆင်းခဲ့လို့ ပြည်တွင်းလေကြောင်းခရီးစဉ် ၁၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။ တိုကျိုစံတော်ချိန် ညနေ ၄ နာရီအချိန်အထိ ANA Holdings ကုမ္ပဏီရဲ့ လေကြောင်းခရီးစဉ် ၇၉ ခုကို ဖျက်သိမ်းခဲ့ရပြီး ခရီးသည် ၅၁၀၀ နီးပါး ထိခိုက်ခဲ့သလို Japan Airlines Co (JAL) ရဲ့ လေကြောင်းခရီးစဉ် ၄၉ ခု ဖျက်သိမ်းခဲ့ရပြီး ခရီးသည် ၂၄၅၀ ထိခိုက်ခဲ့တယ်လို့ လေကြောင်းလိုင်း ၂ ခုရဲ့ အရာရှိတွေက ပြောပါတယ်။

အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ကူးစက်ပျံ့နှံ့မှုကြောင့် ခရစ္စမတ်ကာလအတွင်း ကမ္ဘာတစ်ဝန်းမှာ လေကြောင်းခရီးစဉ်ထောင်ချီ ဖျက်သိမ်းခဲ့ရပါတယ်။ အိုမီခရွန် မျိုးကွဲသစ် ကူးစက်ပျံ့နှံ့မှုကို တန်ပြန်တားဆီးဖို့ နယ်စပ်ထိန်းချုပ်မှုတွေ တင်းကျပ်ထားတဲ့ ဂျပန်နိုင်ငံရဲ့ ဒေသ တစ်ဒါဇင်နီးပါးမှာ ပြည်ပက ရောက်လာသူတွေအပါအဝင် အိုမီခရွန် မျိုးကွဲသစ် ကူးစက်ခံရသူ ၂၃၁ ယောက် ရှိနေတယ်လို့ ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

Ref : CNN “Japan cancels more than 100 flights due to heavy snow”


Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top