ကိုရိုနာဗိုင်းရပ်စ် မပျောက်ကွယ်တော့တာမျိုးဖြစ်နိုင်တယ်လို့ WHO သတိ‌ပေး

14-5-2020-yyl-012.jpg

ကိုရိုနာဗိုင်းရပ်စ် လုံးဝမပျောက်ကွယ်တော့တာမျိုး ဖြစ်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)က သတိပေးခဲ့ပါတယ်။ ဘယ်အချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ပျောက်ကွယ်သွားမယ်ဆိုတာမျိုး မခန့်မှန်းကြဖို့ WHO ရဲ့ အရေးပေါ်ဌာနဒါရိုက်တာ ဒေါက်တာမိုက်ရိုင်ယန်က ဆိုပါတယ်။ ကာကွယ်ဆေး ရှာတွေ့ရင်တောင် ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့ အဆမတန်အားထုတ်ဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄.၃ သန်းကျော် ရှိနေပြီး လူ ၃၀၀၀၀၀ နီးပါး သေဆုံးခဲ့ပါတယ်။

” ဒီဗိုင်းရပ်စ်က ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းမှာ နောက်ထပ်ကူးစက်ရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ်တစ်မျိုး ဖြစ်လာနိုင်ပြီး ဘယ်တော့မှ မပျောက်ကွယ်သွားတာမျိုး ဖြစ်နိုင်တယ်ဆိုတဲ့အချက်ကို ထည့်စဉ်းစားကြဖို့ အရေးကြီးပါတယ်။ HIV ဗိုင်းရပ်စ်ကလည်း မပျောက်ကွယ်သွားလို့ ကျွန်တော်တို့ ဒီဗိုင်းရပ်စ်ကို အောင့်သက်သက်နဲ့ လက်ခံခဲ့တာပဲ”လို့ ဒေါက်တာမိုက်ရိုင်ယန်က သတိပေးခဲ့ပါတယ်။ COVID-19 ရောဂါ ဘယ်အချိန် ပျောက်ကွယ်သွားမလဲဆိုတာကို ခန့်မှန်းနိုင်သူရှိမယ်လို့ မယုံကြည်ကြောင်း သူက ဆိုပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top