ကမ္ဘာပေါ်မှာ တကယ်ရှိနေတဲ့ ဧရာမဟင်းသီးဟင်းရွက်ကြီးများ

v0.jpg

ဥယျာဉ်မှူးအားလုံးက သူတို့ပျိုးထောင်လိုက်တဲ့အပင်တွေကို အသီးအပွင့်တွေနဲ့ မြင်တွေ့နေရရင်းပဲ ဂုဏ်ယူမဆုံးဖြစ်နေမှာပါ။ ဟင်းသီးဟင်းရွက်တွေ ကောင်းကောင်းမွန်မွန်နဲ့ ဖြစ်ထွန်းမယ်ဆိုရင် စိုက်ပျိုးတဲ့သူတွေအတွက် စိတ်ကျေနပ်စရာပါပဲ။ တချို့လူတွေက ရည်မှန်းချက်မြင့်မြင့်ထားကြပြီး အကြီးမားဆုံးကောက်ပဲသီးနှံတွေရအောင် ပြုလုပ်ချင်ကြပါတယ်။ ဥပမာပြောရရင် စတီ ဂတ်ဒက်စ် (Steve Geddes) က (၂၅၂၈) ပေါင်ရှိတဲ့ ရွှေဖရုံသီးနဲ့ လူတွေကို အံ့သြမင့်သက်စေခဲ့ပါတယ်။ စာဖတ်ပရိသတ်တွေကို အံ့သြမင့်သက်သွားစေမယ့် ကမ္ဘာကြီးပေါ်မှာ တကယ်ရှိနေတဲ့ ဧရာမဟင်းသီးဟင်းရွက်တွေကို မျှဝေပေးလိုက်ရပါတယ်။

သူ စိုက်ပျိုးထားတဲ့ ကြက်သွန်နီကြီးကို သူ နှစ်သက်သဘောကျသလောက် အခြားသူတွေလည်း သဘောကျကြမှာပါ။

အလေးမလို့တောင်ရတဲ့ ကျောက်ဖရုံသီး

ကျွန်တော်တို့ ခေါင်းထက်တောင် ကြီးနေတဲ့ သကြားမုံလာ

တစ်မိသားစုလုံး စားလို့ရတဲ့ ကန်စွန်းဥ

ခန္ဓာကိုယ်အရွယ်အစားလောက်ရှိတဲ့ ဘူးသီး

စစ်သည်တော်တွေရဲ့ဓားအလျားလောက်ရှိတဲ့ သခွားသီးကို တဝတပြဲစားလို့ရပါတယ်။

ဘယ်လိုမှော်ပညာနဲ့ ဖန်တီးလိုက်လို့ ဒီလိုအရွယ်အစားရှိတဲ့မုန်လာဥဖြူ နဲ့ ခရမ်းချဉ်သီး ဖြစ်လာပါလိမ့်။

ဒီရွှေဖရုံသီးကို သယ်ဖို့ဆိုရင် ဝန်ပင့်ယာဉ်တစ်စီးလိုပါတယ်။

ဒီမုန်လာဥနီကို ဆွဲနှုတ်ဖို့ ပင်ပန်းလောက်တယ်နော်။

လူ့အရပ်နီးပါးလောက်ရှိတဲ့ သခွားမွှေး

ဒီဂေါ်ဖီထုပ်ကြီးကို မိန်းကလေးတွေ သယ်ဖို့ မဖြစ်နိုင်ပါဘူးနော်။

Ref: Brightside
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top