လိုတာထက်ပိုပြီး တောင်းပန်စကားပြောမိနေပြီလား

sorry.jpg

အရင်ဆုံး တောင်းပန်စကားပြောရတာ ဘာမှမဖြစ်ပေမဲ့ ဘာအမှားမှမလုပ်ထားဘဲနဲ့တောင် မကြာခဏ တောင်းပန်နေရတယ်။ သင်ရဲ့အမှားကြောင့်မဟုတ်ဘဲ တစ်စုံတစ်ယောက်က သင့်ကို စိတ်ဆိုးနေတဲ့အခါမှာလည်း တောင်းပန်တယ်။ တကယ်တော့ လိုတာထက်တောင်းပန်စကားဆိုတာက သင့်ရဲ့ယုံကြည်နိုင်စွမ်းအားကို ထိခိုက်နိုင်တယ်ဆိုတာ သင်သိပါသလား။

တစ်ချိန်လုံးတောင်းပန်နေတာက သင့်ကိုယ့်ကိုယ်ကို နာခံလိုက်လျောတတ်တဲ့အနေအထားတစ်ခုမှာ ထားပစ်လိုက်တာပါပဲ။ တချို့က အခြားသူတွေရဲ့ခံစားချက်ကို အလေးထားတဲ့အတွက် သူတို့ကို မနာကျင်စေတဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။ လိုတာထက်ပိုပြီး တောင်းပန်နေပြီဆိုရင် ဘာကြောင့် အဲဒီလိုဖြစ်ရတာလည်းဆိုတာကို သိဖို့လိုပါတယ်။ ဘာကြောင့် လိုတာထက်ပိုပြီးတောင်းပန်စကားဆိုနေမိခြင်းရဲ့ ဖြစ်နိုင်တဲ့ အကြောင်းအရင်းတွေကတော့

(၁) စိုးရိမ်ပူပန်ခြင်း

တစ်ချိန်လုံး တောင်းပန်နေတာက စိုးရိမ်ပူပန်ခြင်းရဲ့လက္ခဏာရပ်တစ်ခုဖြစ်နိုင်ပါတယ်။ စိုးရိမ်ပူပန်တဲ့သူတွေက သူတို့ပြောလိုက်တဲ့စကား၊ သူတို့ဘယ်လိုပြောရမလဲဆိုတာတွေနဲ့ ပတ်သက်ပြီး စိတ်ပူတတ်ကြပါတယ်။ ဒါက လူတွေ သူတို့ကို ဝေဖန်ဖို့အတွက် သတိထားမိစေပြီး ဆက်ဆံရေးတွေ စိုးရွားသွားစေပါတယ်။ သူတို့ကို တောင်းပန်စကားပြောဖို့ တွန်းပို့နေသလို ဖြစ်စေပါတယ်။

(၂) လိုက်လျောတတ်ခြင်း

နဂိုကတည်းက လိုက်လျောတတ်၊ နာခံတတ်တဲ့သူတွေက ကြမ်းတမ်းစကားပြောမယ့်အစား အပြစ်အားလုံးကို ယူပစ်တတ်ကြပါတယ်။

(၃) ယုံကြည်ချက်အားနည်းခြင်း

ဝေဖန်ပိုင်းခြားနိုင်မှုမှာ ယုံကြည်ချက်မရှိတဲ့သူတွေ၊ မိမိရဲ့ဆုံးဖြတ်ချက်တွေကို အဆက်မပြတ်မေးခွန်းထုတ်နေတဲ့သူတွေက မြန်မြန်ဆန်ဆန်ကိုပဲ တောင်းပန်တတ်ကြပါတယ်။ သူတို့မှားတယ်လို့ ယုံကြည်ဖို့ အဆင်သင့်ဖြစ်နေတဲ့အတွက်ကြောင့်ပါပဲ။

(၄) နားလည်လက်ခံပေးနိုင်ခြင်း

သင်က ရင်ကြားစေ့ပေးသူတစ်ယောက်ဖြစ်နေရင် ပြဿနာတွေ ဖြစ်လာမှာကို မလိုလားတဲ့အတွက် ကိုယ်ကပဲ အရင်ဆုံးတောင်းပန်စကားပြောလိုက်တာဖြစ်ပါတယ်။

(၅) သနားကြင်နာတတ်ခြင်း

သနားကြင်နာတတ်တာတွေနဲ့ ပြည့်နေတဲ့ သူတွေက ကိုယ်ကြောင့် အခြားသူတွေ ခံစားရမှာကို စိုးရိမ်ကြပါတယ်။ သူတို့က ဘာအမှားမှ မလုပ်ထားတောတောင် အရာအားလုံးအတွက် အခြားသူတွေရဲ့ကိုယ်စား တောင်းပန်ပစ်ကြပါတယ်။

Ref: TOI “Do you over-apologize? Here’s how you can put an end to it”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top