ရုပ်ရှင်အညွှန်း- Master of None

ma.jpg

ရိုးရာလေးရဲ့ ပရိသတ်တွေကို ဒီတစ်ပတ်မှာ ညွှန်းချင်တာကတော့ အမေရိကန်ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ Master of None ဆိုတဲ့ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲဟာ တစ်ခြားရုပ်သံဇာတ်လမ်းတွဲတွေနဲ့ မတူတဲ့အချက်ကတော့ လူတ်ိုင်းဘဝမှာ ကြုံနေရတဲ့ နေ့စဉ်လူနေမှု အကြောင်းအရာတွေကို ရယ်မောစရာကောင်းအောင် ပေါ့ပေါ့ပါးပါးရိုက်ကူးထားပေမယ့် ဇာတ်လမ်းပိုင်းတစ်ခုချင်းစီတိုင်းမှာ ကိုယ့်အတွက် မှတ်သားစရာတစ်ခုခု ကျန်ခဲ့စေတဲ့ ရုပ်ရှင်မျိုးပါ။

ဇာတ်လမ်းကို နယူးယော့ခ် မြို့မှာ ဇာတ်အိမ်တည်ထားပြီး Dev ဆိုတဲ့ အိန္ဒိယနွယ်ဖွား အမေရိကန်လူမျိုးတစ်ယောက်ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ဖြစ်တဲ့ သရုပ်ဆောင်ဘဝမှာ ရုန်းကန်ရတဲ့အခြေအနေ၊ အချစ်ရေး၊ မိသားစုတွေအကြောင်းကို ဇာတ်ညွှန်းခပ်သွက်သွက်နဲ့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲမှာ Dev အဖြစ်သရုပ်ဆောင်ထားတဲ့ Aziz Ansari ရဲ့ ကြုံခဲ့ရတဲ့ ဘဝအစိတ်အပိုင်းတွေကို သူကိုယ်တိုင် ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး IMDb rating က ၈.၃ ရထားတဲ့ Rating မြင့်တဲ့ ဇာတ်လမ်းတွဲလည် ဖြစ်နေပါတယ်။ အပိုင်းတစ်ပိုင်းစီဟာလည်း မိနစ် ၃၀ လောက်ပဲ ကြာမြင့်ပါတယ်။

ရိုးရာလေးရဲ့ ပရိသတ်တွေမှာ ဒီဇာတ်လမ်းတွဲကို ကြည့်ဖူတဲ့သူရှိရင်လည်း ဒီဇာတ်လမ်းတွဲအပေါ် အမြင်လေး မျှဝေပေးကြပါဦး။

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top