အာဆင်နယ်အသင်းက လစ်ဇစ်နောက်ခံလူ အူပါမီကာနိုကို ခေါ်ယူဖွယ်ရှိ

yyl-060.jpg

ခံစစ်ပိုင်း ကျိုးပေါက်မှုကို ပြင်ဆင်ဖို့အတွက် အာဆင်နယ် နည်းပြသစ် အာတီတာက ဇန်နဝါရီ အပြောင်းအရွှေ့မှာ လစ်ဇစ်နောက်ခံလူ အူပါမီကာနိုကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကတည်းက အူပါမီကာနိုကို စိတ်ဝင်စားခဲ့ပေမဲ့ ပြောင်းရွှေ့ကြေးမြင့်လို့ မခေါ်ဖြစ်ခဲ့တာပါ။ အသက် ၂၁ နှစ်ရှိတဲ့ အူပါမီကာနိုဟာ လစ်ဇစ်အသင်းနဲ့ စာချုပ်သက်တမ်း ၁၈ လပဲ ကျန်ရှိတော့ပြီး လက်ရှိအချိန်မှာ လစ်ဇစ်အသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ သတ်မှတ်ထားပါတယ်။

ချဲလ်ဆီးနဲ့ပွဲမှာ နောက်ခံလူ ချမ်ဘာ ဒူးဒဏ်ရာရခဲ့လို့ အာဆင်နယ်အသင်းအတွက် ဗဟိုခံစစ်မှူး လိုအပ်ချက်က ပိုကြီးမားလာခဲ့ပြီး အာတီတာက ခံစစ်ပိုင်းပြဿနာကို အဓိကပြင်ဆင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ဒူးဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တဲ့ ချမ်ဘာဟာ ဒီရာသီအတွက် လက်ကျန်ပွဲစဉ်အားလုံး လွဲချော်လောက်တဲ့အထိ စိုးရိမ်ရတဲ့ အခြေအနေရှိပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ရတဲ့ အာဆင်နယ်ဟာ ပြီးခဲ့တဲ့(၃)ရာသီအတွင်း အသုံးစရိတ် ကန့်သတ်ခဲ့ပေမဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့မှာတော့ အာတီတာကို အသုံးစရိတ်ပေးအပ်ဖို့ ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top