ကမ္ဘာကြီးပေါ်က အံ့အားသင့်စရာအပြည့်နဲ့ သဘာဝတရား

yyl-001.jpg

ကျွန်တော်တို့နေထိုင်နေတဲ့ ကမ္ဘာကြီးမှာ အံ့သြစရာကောင်းတဲ့အရာများစွာရှိပါတယ်။ အဲဒီထဲမှာမှ လူတွေကို တအံ့တသြဖြစ်စေတဲ့ သဘာဝတရားကြီးကို ဘယ်အရာကမှ လိုက်မမီနိုင်ပါဘူး။ တချို့လူတွေက သူတို့ကို အံ့သြအောင်လုပ်နိုင်တဲ့အရာတွေ၊ ထူးထူးဆန်းဆန်းအရာတွေကို ဓာတ်ပုံရိုက်ထားတတ်ကြပါတယ်။ တချို့အရာတွေက လူတွေရဲ့မျက်လုံးကို ဖမ်းစားထားနိုင်သလို စဉ်းစားစရာလည်းဖြစ်စေပါတယ်။ လူတွေကို ထူးထူးဆန်းဆန်းဖြစ်စေတာကိုက သဘာဝတရားကြီးရဲ့အလှတရားပါပဲ။ ကမ္ဘာကြီးပေါ်မှာ တွေ့နေရတဲ့ အံ့အားသင့်စရာအပြည့်နဲ့ သဘာဝတရားကြီးကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။

မျက်လုံးနဲ့တူတဲ့ ရေခဲ

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လှေကားထစ်က ရေတံခွန်အဖြစ် ပြောင်းလဲ

ခွေးရဲ့ရင်ဘတ်အမွေးက နှာချေနေတဲ့ကြောင်ပုံစံလိုဖြစ်နေပုံ

နဂါးခေါင်းနဲ့တူနေတဲ့ သစ်သားအပိုင်းအစ

ကြောင်ဖြူရဲ့အရိပ်လိုဖြစ်နေတဲ့ ကြောင်နက်

အရိပ်နဲ့ အလင်းရောင်က လိုက်ဖက်ညီနေမှု

လှေကားထစ်က အက်ကွဲရာက ကြောင်တစ်ကောင်နဲ့တူနေမှု

၆၇ ပေါင်ရှိတဲ့ ဂေါ်ဖီထုပ်

ကင်မရာမှန်ဘီလူးက လူတစ်ယောက်ကို ထိုးဖောက်ပြီးမြင်ရစေတယ်

ဘီယာခွက်ထဲမှာ တန်းစီပြီးသွားနေတဲ့ရေပူဖောင်းတွေ

ဧရာမ ဘလူးဘယ်ရီသီး

Ref: Brightside

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top