ကမ္ဘာပေါ်မှာ အမျိုးသမီးတွေအတွက် ဘေးကင်းလုံခြုံမှုအရှိဆုံးနိုင်ငံ

5cb88be00ff30d1b3535ae24-2732-1366.jpg

အရင်က ထိပ်ဆုံးကနေဦးဆောင်နေတဲ့ အင်္ဂလန်နဲ့ပြင်သစ်တို့က အဆင့်လျော့ကျသွားခဲ့ပြီးတဲ့နောက် ဩစတေးလျက နေရာယူလိုက်တာဖြစ်ပါတယ်။ အဆင့်သတ်မှတ်ချက်အရ အဆင့် ၁၊ ၂ နဲ့ ၃ နေရာတွေမှာ သြစတေးလျ၊ မော်လ်တာနဲ့ အိုက်စ်လန်နိုင်ငံတို့က အစဉ်လိုက်နေရာယူထားပြီး အဆင့် ၉ နဲ့ ၁၀ နေရာတွေမှာတော့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ရှိနေပါတယ်။

ဒီလိုအဆင့်သတ်မှတ်ချက်အစီရင်ခံစာကို New World Wealth ကပြုစုထားတဲ့ အချက်အလက်တွေအရ တွက်ချက်ထုတ်ပြန်ထားတာပါ

ဒီလိုအဆင့်သတ်မှတ်ချက်အစီရင်ခံစာကို New World Wealth ကပြုစုထားတဲ့ အချက်အလက်တွေအရ တွက်ချက်ထုတ်ပြန်ထားတာပါ။ ဒီအစီရင်ခံစာအရ နိုင်ငံတစ်နိုင်ငံရဲ့ ကာလရှည်ကြာ ဓနကြွယ်ဝမှုအလားအလာကိုတွက်ချက်တဲ့နေရာမှာ အမျိုးသမီးတွေအတွက် ဘေးကင်းလုံခြုံမှုကလည်း ထည့်သွင်းသုံးသပ်ရတဲ့အချက်တစ်ခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ ကာလရှည်ကြာ ဓနကြွယ်ဝမှုအလားအလာကိုတွက်ချက်တဲ့နေရာမှာ အမျိုးသမီးတွေအတွက် ဘေးကင်းလုံခြုံမှုကလည်း ထည့်သွင်းသုံးသပ်ရတဲ့အချက်တစ်ခုဖြစ်

ဒါဟာ နိုင်ငံတစ်နိုင်ငံအတွင်းအမျိုးသမီးတွေဘေးကင်းလုံခြုံမှုရှိခြင်းက နိုင်ငံရဲ့ဓနဥစ္စာကြွယ်ဝမှုကို သွယ်ဝိုက်ပြီး ထောက်ပံ့ကူညီပေးနိုင်တယ်ဆိုတဲ့သဘောပါပဲ။ လူတန်းစားအလွှာအသီးသီးရဲ့ အခြေအနေတွေ၊ ဘဝနေထိုင်မှုပုံစံတွေကို အဓိကထားချဉ်းကပ်လေ့လာထားတဲ့ ဒီအစီရင်ခံစာထဲမှာ နိုင်ငံပေါင်း (၁၉၅) နိုင်ငံက အချက်အလက်တွေကိုမှတ်တမ်းတင်ထားပြီး (၅၈) နိုင်ငံမှာပဲ ယုံကြည်စိတ်ချရတဲ့ မှုခင်းဆိုင်ရာအချက်အလက်တွေ ရှိနေတာကိုလည်း တွေ့ရပါတယ်။

Ref: DailyMail “Australia is the safest country in the world for women”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top