နည်းပြနဲ့ လမ်းခွဲလိုက်တဲ့ ကမ္ဘာ့အဆင့်(၁) ဂျပန်တင်းနစ်မယ်

hh5.jpg

ကမ္ဘာ့အဆင့်(၁) ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာဟာ သြစတြေးလျအိုးပင်းဖလား ဆွတ်ခူးပြီးနောက် သီတင်းပတ်(၂)ပတ်ကျော် အကြာမှာပဲ နည်းပြဖြစ်သူ ဆာချာဘာဂျင်နဲ့ လမ်းခွဲလိုက်ပါပြီ။ ကမ္ဘာ့တင်းနစ်အဖွဲ့ချုပ်ရဲ့ ၂၀၁၈ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံး နည်းပြဆု ရခဲ့သူ ဆာချာဘာဂျင်ဟာ နာအိုမီအိုဆာကာကို ဂရန်းစလင်းဆုဖလား (၂)လုံးဆက်တိုက် ဆွတ်ခူးနိုင်အောင် ညွှန်ကြားပြသပေးခဲ့သူပါ။

ဆာချာဘာဂျင်ဟာ ဆရီနာဝီလျံ၊ ဗစ်တိုးရီးယားအဇာရန်ကာ၊ ဝေါ့ဇ်နီယာစကီးတို့ကို နည်းပြခဲ့ဖူးသူဖြစ်ပြီး ၂၀၁၈ တင်းနစ်ရာသီ မစတင်မီ နာအိုမီအိုဆာကာကို နည်းပြခဲ့သူပါ။ အသက် ၂၁ နှစ်အရွယ်ရှိတဲ့ နာအိုမီအိုဆာကာဟာ နောက်ကျောဒဏ်ရာရှိနေလို့ အခုသီတင်းပတ်အတွင်း ကျင်းပတဲ့ ကာတာအိုးပင်းပြိုင်ပွဲကနေ နုတ်ထွက်ခဲ့သူပါ။ နာအိုမီအိုဆာကာဟာ ဝေါ့ဇ်နီယာစကီးနောက်ပိုင်း(၂၀၁၀ ပြည့်နှစ်က အသက် ၂၀ အရွယ်မှာ ကမ္ဘာ့အဆင့်(၁)နေရာ ရပ်တည်နိုင်ခဲ့) ကမ္ဘာ့အဆင့်(၁) တင်းနစ်မယ်နေရာမှာ ရပ်တည်နိုင်တဲ့ အသက်အငယ်ဆုံး တင်းနစ်မယ်ဖြစ်ပါတယ်။ ဒါ့အပြင် အာရှကိုယ်စားပြု တင်းနစ်သမားတွေထဲမှာ နံပါတ်(၁)နေရာ ရပ်တည်နိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top