သင်မသိနိုင်လောက်တဲ့ အမေရိကန်အင်္ဂလိပ် ဘန်းစကားများ

usa-uk.png

လူတော်တော်များများက ဘန်းစကားဆိုရင် မယဉ်ကျေးဘူး၊ ပုံစံကျပြောဆိုမှုမဟုတ်ဘူးဆိုပြီး သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ နေ့စဉ်သုံးစကားတွေထဲမှာ ဘန်းစကားတွေရဲ့လူကြိုက်များရေပန်းစားမှုကိုတော့ ကျွန်တော်တို့ ငြင်းနိုင်မှာမဟုတ်ပါဘူး။ အင်္ဂလိပ်စကားလေ့လာသူတွေအတွက်ကတော့ သင့်လျော်တဲ့စကားစပ်ထဲမှာ ဗန်းစကားတွေကိုထည့်သွင်းအသုံးပြုတာဟာ ပိုသဘာဝကျပြီး ခင်မင်ဖွယ်ရာ ဖြစ်စေပါတယ်။ အောက်ဖော်ပြပါ အမေရိကန်အင်္ဂလိပ် ဘန်းစကား (၇) ခုကတော့ သင်သိထားဖို့လိုတဲ့စကားတွေပါ။

၁။ Busted

သင်ဟာ busted အဖမ်းခံရကိန်းရှိနေတယ်ဆိုရင် သင်ဟာ အမှားအယွင်းတစ်ခုခုကိုလုပ်ထားလို့ တစ်စုံတစ်ယောက် (သို့မဟုတ်) ရဲကတွေ့မိသွားပြီး ပြဿနာကြုံနေရပြီလို့ ဆိုလိုတာပါ။

E.g. Stop selling those illegal products. You are going to get busted. (အဲဒီ တရားမဝင်ကုန်ပစ္စည်းတွေ မရောင်းပါနဲ့။ သင်ဟာ အဖမ်းခံရကိန်းရှိတယ်)

John is busted for stalking her Facebook page. (John ဟာ သူမရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကို စောင့်ကြည့်နေတာမိသွားတယ်)

၂။ Looker

တစ်ယောက်ယောက်က သင့်ကို looker လို့ခေါ်လိုက်ရင် ဝမ်းသာလိုက်ပါတော့။ ဘာ့ကြောင့်လဲဆိုတော့ သူဟာ သင့်ကို ချီးမွမ်းနေတာမို့ ဖြစ်ပါတယ်။ Looker ဆိုတာ ဆွဲဆောင်မှုရှိလွန်းတဲ့သူကို ခေါ်တာပါ။

E.g. Our new neighbor is a real looker, don’t you think? (ငါတို့အိမ်နီးချင်းအသစ်ကတော့ တကယ်ကြည့်ကောင်းသူပဲ။ အဲ့ဒီလိုမထင်ဘူးလား)

You are going to be a looker someday, I can tell. (တစ်နေ့နေ့တော့ ခင်ဗျားဟာ ကြည့်ကောင်းသူဖြစ်လာမှာပါ။ ကျွန်တော်ပြောရဲတယ်)

၃။ To rip off

Rip off ဆိုတာ တချို့နိုင်ငံတွေမှာ ကမ္ဘာလှည့်ခရီးသည်တွေကို ကုန်ပစ္စည်းတစ်ခုအတွက် ကျသင့်ငွေထပ်ပိုတောင်းတာကို ဆိုလိုတာပါ။ ဒါ့ကြောင့် သင့်အနေနဲ့ အမြဲပဲ ဈေးနှုန်းကို အရင်မေးသင့်ပါတယ်။ မြန်မာလိုဆိုရင်တော့ ရိတ်တယ်လို့ပြောလေ့ရှိကြပါတယ်။

E.g. I was ripped off in my last trip. They sold a T-shirt for 60 dollars! (ကျွန်တော် နောက်ဆုံးခရီးစဉ်ထွက်ဖြစ်တုန်းက ငွေတော်တော်ကုန်သွားတယ်။ သူတို့က တီရှပ်တစ်ထည်ကို ဒေါ်လာ ၆၀ နဲ့ ရောင်းခဲ့တယ်)

This organization is ripping off our country. This is unacceptable! (ဒီအဖွဲ့အစည်းကတော့ ငါတို့တိုင်းပြည်ကို ရိတ်နေတယ်။ လက်မခံနိုင်စရာပဲ)

၄။ To be hooked on something

သင်ဟာ တစ်ခုခုကို စွဲလမ်းနေတယ်ဆိုရင် အဲ့ဒါနဲ့ပတ်သက်လို့ စိတ်အားထက်သန်နေတာ (သို့) တချို့ကိစ္စတွေမှာဆိုရင် စွဲလမ်းတွယ်တာနေတတ်တာကို ပြောတာပါ။ ဒီစကားလုံးမှာက အပြုသဘောရော အပျက်သဘောပါဆောင်တဲ့ အဓိပ္ပာယ်ရှိနေတတ်ပါတယ်။

E.g. Elena is totally hooked on the new season of Game of Thrones. (Elena က Game of Thrones ဇာတ်လမ်းတွဲအသစ်ကို လုံးဝစွဲလမ်းနေတယ်)

He got hooked on drugs at an early age. (သူဟာ ငယ်ငယ်ကလေးထဲက မူးယစ်ဆေးဝါးတွေကို စွဲလမ်းခဲ့တယ်)

၅။ Geek

Geek မှာ အဓိပ္ပာယ်နှစ်မျိုးရှိပါတယ်။ Geek ဆိုတာ ကွန်ပြူတာကိုပဲ စိတ်ဝင်စားပြီး၊ လူတွေကို စကားမပြောချင်ပြောရမှာ မုန်းတဲ့သူမျိုးကို ခေါ်ပါတယ်။ နောက်ပြီးတော့ Geek ဆိုတာ နည်းပညာနယ်ပယ်မှာ ကျွမ်းကျင်သူလို့လည်း ခေါ်နိုင်ပါတယ်။

E.g. First I thought Alex was a geek who loved online games, but he actually has good sense of humor. (ပထမ ကျွန်တော်က Alex ကို အွန်လိုင်းဂိမ်းတွေကိုပဲ သဘောကျပြီး လူတွေနဲ့ ရင်းရင်းနှီးနှီးမနေတတ်ဘူးလို့ထင်တာ။ တကယ်တော့ သူက ပျော်တတ်ပြီး ခင်စရာကောင်းတယ်)

It’s time we need a data geek who could draw valuable insights for the next project. (အခုအချိန်က နောက်လာမယ့်ပရောဂျက်အတွက် တန်ဖိုးကြီးတဲ့အမြင်တွေပေးနိုင်တဲ့ ဒေတာဆရာ (data geek) တစ်ယောက်တော့လိုအပ်နေပြီ)

၆။ To have a crush (on somebody)

တစ်ယောက်ယောက်ကို ကြိတ်ချစ်မိတယ်ဆိုတာ အဲ့ဒီလူကို နှစ်သက်စွဲမက်တာဖြစ်ပါတယ်။ ဒီစကားလုံးကို ငယ်သူတွေရဲ့ စိတ်ခံစားမှုကိုဖေါ်ပြရာမှာ အများအားဖြင့်သုံးတတ်ကြပါတယ်။ အရွယ်ရောက်သူတွေရဲ့ခံစားမှုတွေကို ဖေါ်ပြရာမှာတော့ သုံးလေ့မရှိပါ။

E.g. I think I have a crush on Sam. He’s so funny and handsome! (ကျွန်မတော့ Sam ကို ကြိုက်နေပြီထင်တယ်။ သူဟာ အရမ်းဟာသပြောတက်ပြီး ချောလည်းချောတယ်)

Back in the university, both Mickey and Tom had a crush on that Australian girl. (တက္ကသိုလ်မှာတုန်းက Mickey နဲ့ Tom တို့ဟာ အဲဒီဩစတေးလျကောင်မလေးကို ကြိတ်ချစ်ခဲ့ကြတယ်)

၇။ To be amped up

ဒီစကားစု to be amped up “မြောက်တက်နေတယ်” ဆိုတာက သင့်အနေနဲ့ တစ်ခုခုနဲ့ပတ်သက်လို့ အလွန်အမင်း စိတ်လှုပ်ရှားနေချိန်၊ သို့မဟုတ် အလွန်တက်ကြွနေချိန်မျိုးတွေမှာ ဖေါ်ပြဖို့သုံးတဲ့ ပြည့်စုံတဲ့စကားစုပါပဲ။

E.g. The amped-up crowd nearly went crazy as Alan Walker appeared on the stage. ( Alan Walker စင်ပေါ်တက်လာတော့ တက်ကြွနေတဲ့ပရိသတ်လူအုပ်ကြီးဟာ ရူးသွပ်လုနီးပါးကိုဖြစ်သွားခဲ့တယ်)

We will go skiing this Saturday. I am all amped up. (ကျွန်တော်တို့ ဒီစနေနေ့ကျရင် နှင်းလျှောစီးကြမယ်။ ကျွန်တော်တော့ တက်ကြွလွန်းနေပြီ)

ဒီဆောင်းပါးကို ရိုးရာလေးရဲ့မိတ်ဖက် အင်္ဂလိပ်စာသင်တန်းကျောင်း Wall Street English ရဲ့ဝက်ဘ်ဆိုက် မှာ ဖော်ပြထားတာဖြစ်ပါတယ်။

Ref: Wall Street English
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top