ပထမဆုံး အသည်းကွဲဖူးခြင်းကနေ သိရှိလိုက်ရတဲ့ ဘဝသင်ခန်းစာများ

h1.png

ပထမဆုံး အသည်းကွဲဖူးတာကို ကုသပေးရတာလည်း ဘဝမှာ ကြုံလာရတဲ့ အတွေ့အကြုံတွေထဲက တစ်ခုပါပဲ။ သင် ပထမဆုံးအကြိမ် အသည်းကွဲလိုက်တာနဲ့ အချစ်နဲ့ပတ်သက်ပြီး၊ Relationshipနဲ့ ပတ်သက်ပြီး သင့်အယူအဆ၊ခံယူချက်တွေ ပြောင်းလဲသွားနိုင်ပါတယ်။ အသည်းကွဲပြီးတဲ့နောက် Relationshipမှာ ကြုံတွေ့လိုက်ရတဲ့ အမှားတွေအားလုံးကို ဝေဖန်ပိုင်းခြားတာ၊ ခွင့်လွှတ်ပေးဖို့ ကြိုးစားတာ၊ အတိတ်ကအရာတွေကို မေးပစ်ပြီး အေးအေးချမ်းချမ်းနဲ့ နေထိုင်တာတွေ ရှိလာနိုင်ပါတယ်။ ပထမဆုံးအကြိမ် အသည်းကွဲလိုက်ခြင်းက ဘဝမှာကြုံတွေ့လိုက်ရတဲ့ အကောင်းဆုံးအရာတစ်ခုဖြစ်နိုင်ပါတယ်။ ဘာကြောင့် အဲဒီလိုပြောရသလဲဆိုရင် အသည်းကွဲခြင်းကြောင့်ပဲ မှတ်သားထားရမဲ့ ဘဝသင်ခန်းစာတွေ သိရှိလိုက်ရလို့ပါပဲ။ အဲဒီဘဝသင်ခန်းစာတွေကတော့

Relationshipဆိုတာ စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်မဖြစ်ခြင်း

ကျွန်မတို့တွေအများစုက ရုပ်ရှင်တွေထဲက၊ စာအုပ်တွေထဲက ရိုဆန်တဲ့ပုံစံမျိုး Relationshipနဲ့ ပတ်သက်ချင်ကြပါတယ်။ ဒါပေမဲ့ တစ်ခါ အသည်းကွဲဖူးလိုက်တာနဲ့ Relationshipဆိုတာ ရုပ်ရှင်ဆန်ဆန်၊ ပုံပြင်ဆန်ဆန်အရာတစ်ခုမဟုတ်ဘူးဆိုတာကို နားလည်လိုက်မှာပါ။ စုံတွဲတိုင်းက စိတ်ကောက်တာ၊ ရန်ဖြစ်တာ၊ စကားများတာတွေ ဖြစ်တတ်ကြပြီး Relationshipတစ်ခု ခိုင်မြဲဖို့အတွက် နေ့တိုင်းနီးပါး ညှိနှိုင်းကောင်းညှိနှိုင်းရပါတယ်။ ရုပ်ရှင်တွေ၊ ဝတ္ထုတွေထဲကလို ဇာတ်ညွှန်းရေးဆရာ၊ စာရေးဆရာမတွေ စီမံရာအတိုင်း ဖြောင့်ဖြူးနေတာမဟုတ်ဘူးဆိုတာလည်း သိရမှာပါ။ ပထမဆုံး အသည်းကွဲရတာ နာကျင်ဖို့ကောင်းပေမဲ့ Relationshipက ဘာလဲဆိုတာကို သိရှိလိုက်ရပါတယ်။

သူငယ်ချင်းတွေဆိုတာ အစားထိုးမရနိုင်တဲ့အရာ

အသည်းကွဲသွားလို့ အချိန်အကြာကြီးငိုကြွေးနေတဲ့၊ ပူဆွေးနေတဲ့ သင့်ကို မငြီးမငြူပဲ စိတ်ရှည်ရှည်နဲ့ ဘေးကနေ ရှိနေပေးတဲ့ သူငယ်ချင်းတွေက သင်ကို ဘယ်တော့မှ ထားမသွားမဲ့ လူတွေပါပဲ။ လမ်းခွဲလိုက်ရတဲ့အခြေအနေမျိုးက သင်နဲ့ သင့်သူငယ်ချင်းတွေရဲ့ ဆက်ဆံရေးကို စမ်းသပ်ရာလည်းရောက်ပါတယ်။ သင်ဟာ ချစ်သူရှိနေတဲ့အတောအတွင်းမှာ သူငယ်ချင်းတွေကို ပစ်ထားကောင်းပစ်ထားပေမဲ့ အသည်းလည်းကွဲရော သူငယ်ချင်းတွေကို သတိရတတ်ကြပါတယ်။ သူတို့ဟာ သင့်ဘေးကနေ အမြဲတမ်းရပ်တည်ပေးနေမှာဖြစ်ပြီး သင့်ဘဝမှာ အစားထိုးလို့မရတဲ့ သူတွေပါပဲ။

အသည်းကွဲတဲ့အရသာကို ခံစားသိရှိသွားခြင်း

အသည်းကွဲတာကို သင် ကိုယ်တိုင် ကြုံတွေ့ရတာဖြစ်တဲ့အတွက် အသည်းကွဲတာ ဘယ်လိုမျိုးလည်းဆိုတာကို သင် နားလည်သွားမှာပါ။ သင် အရင်က မခံစားဖူးတဲ့ရသမျိုးစုံကို ခံစားရမှာပါ။ ဘဝမှာ အဲလိုမျိုးအရာတွေနဲ့ ကြုံလာမယ်ဆိုရင် ဘယ်လို တုံ့ပြန်ရမလဲဆိုတာကို သိရှိသွားနိုင်ပါတယ်။

ဘဝက ဘယ်တော့မှ မရပ်တန့်နိုင်ခြင်း

ဘဝမှာ အခြားပြဿနာတွေနဲ့ ရင်ဆိုင်ပတ်သက်လာတဲ့အခါ ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်းနိုင်စေမယ့် သင်ခန်းစာ တစ်ခုလည်းဖြစ်ပါတယ်။ ဘဝမှာ ဘယ်လိုအရာတွေနဲ့ ကြုံလာ ကြုံလာ မမူတော့ပါဘူး။ အချိန်က အရာရာတိုင်းကို ကုစားနိုင်လို့ပါပဲ။ ဘဝက ဘယ်တော့မှ ရပ်တန့်နေမှာ မဟုတ်ဘူးဆိုတာကို သိရှိလာမှာပါ။

ကဲ…စာဖတ်ပရိသတ်တွေလည်း အသည်းကွဲခြင်းဆိုတာ ဘဝမှာကောင်းတဲ့အရာတွေ ဖြစ်လာမယ့် အရာတစ်ခုလို့သာ သတ်မှတ်ထားလိုက်နော်…။

Ref: TOI “Why your first break up might be the best thing to happen to you”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top