အငှါးကားစီးရင်း မဆင်မခြင် အမှိုက်ပစ်မိတာကြောင့် ကားပေါ်က ဆွဲချခံခဲ့ရတဲ့ ခရီးသည်

42110544_325775224845891_3749623109309693952_n.jpg

ရုရှားနိုင်ငံက အငှါးကား တစ်စီးဟာ ခရီးသည်ကိုလိုက်ပို့ရင်း စိန့်ပီတာစဘတ်မြို့နားအရောက်မှာပဲ ခရီးသည်ဟာ သူ့ရဲ့ကားပေါ်ကနေ မဆင်မခြင် အမှိုက်ပစ်ချခဲ့တာကြောင့် ခရီးသည်ကို ကားပေါ်ကနေ ဒေါသတကြီး ဆွဲချပြီး လမ်းပေါ်မှာ ထားပစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

သူ့ကားပေါ်ကနေ လမ်းပေါ်ကို စည်းမဲ့ကမ်းမဲ့ အမှိုက်လွှင့်ပစ်လိုက်တဲ့ ခရီးသည်ကို မြင်တာနဲ့ သူဟာ ချက်ချင်းပဲ ကားကိုရပ်လိုက်ပြီး အရင်ဦးဆုံး ခရီးသည် လူငယ်လေး ပစ်ချလိုက်တဲ့ ပုလင်းခွံကို ကားပေါ်က ဆင်းကောက်ခဲ့ပါတယ်။ ပြီးတဲ့နောက်မှာတော့ ကောင်လေးကို စိတ်ဆိုးမာန်ဆိုးနဲ့ သူ့ရဲ့ကားပေါ်ကနေ အခုလို ဆွဲချခဲ့တာပဲဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးစိတ်ကြီးမားသူ ရုရှား အငှါးယာဉ်မောင်းလို့ပဲ ပြောရမှာပါ။

အငှါးယာဉ်မောင်းဟာ ကားကို ချက်ချင်းပဲ ပြန်ကွေ့ထွက်သွားပြီး ခရီးသည်ကောင်လေးကတော့ ဘာဖြစ်လို့ဖြစ်မှန်းတောင် မသိလိုက်ရဘဲ လမ်းဘေးမှာ အောင့်သက်သက်နဲ့ ရပ်ကျန်နေခဲ့ရပါတယ်။ ဒါကိုမြင်ခဲ့တဲ့ မျက်မြင်သက်သေတစ်ဦးကတော့ အခုလိုပဲ ပြောပြသွားပါတယ်။

“ကျွန်တော့်ကားရှေ့က မောင်းနေတဲ့ အငှါးယာဉ် ဒရိုင်ဘာဟာ သူ့ကားပေါ်ကနေ အမှိုက် မဆင်မခြင်ပစ်ချတဲ့ ကောင်လေးကို ပညာပေးချင်ခဲ့ပုံရပါတယ်။ ကောင်လေး အမှိုက်ပစ်ချတာကို မြင်တာနဲ့ သူ့ကားပေါ်ကနေ အမြန်ဆုံးကို ဆွဲချတော့တာပဲ။ စည်းကမ်းမဲ့ လုပ်တတ်သူ တစ်ယောက်ကို ဒီလို အပြစ်ပေးပစ်လိုက်တာမျိုးအတွက် ကျွန်တော်ကတော့ သိပ်သဘောကျပါတယ်။ ”

Ref: dailymail “Furious taxi driver drags passenger out of his car and leaves him by the side of the road because he dropped litter out of the window”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top