ပိုပြီး အောင်မြင်လာစေဖို့အတွက် အထောက်အကူပြုပေးနိုင်မယ့် စိတ်ဓာတ်ရေးရာ နည်းပရိယာယ်များ

40647346_259702824880248_6792344625181884416_n.jpg

အောင်မြင်ချင်တယ်ဆိုရင်တော့ အောင်မြင်စေမယ့်နည်းလမ်းတွေကို တတ်နိုင်သလောက် ဖမ်းဆုပ်ရမှာပါပဲ။ ထက်မြက်အောင်နေမယ်။ ပြဿနာတွေအားလုံးကို

ဖြေရှင်းနိုင်အောင် ကြိုးစားမယ်။ အစွမ်းအစရှိသလောက် အားထုတ်မယ်။ တကယ်အားလုံးထက် အောင်မြင်ချင်တယ်ဆို ဒါတွေနဲ့တင် မလုံလောက်တော့ပါဘူး။ နည်းပရိယာယ်လေးတွေ ရှိဖို့လိုပါတယ်။

ဘယ်လို ထူးထူးခြားခြား စိတ်ဓာတ်ရေးရာ နည်းပရိယာယ်တွေဖြစ်မလဲဆိုတာကိုတော့ ဒီဆောင်းပါးလေးကနေတစ်ဆင့် ဆက်လေ့လာကြည့်လိုက်ပါ။ တကယ်အောင်မြင်မှုကို ဆာလောင်နေတဲ့သူဆိုရင်ပေါ့။

၁။ ယုံကြည်မှုရယူပါ

တစ်စုံတစ်ယောက်ရဲ့ နာမည်ကိုခေါ်ပြီး ယုံကြည်မှုကို တည်ဆောက်လို့ရပါတယ်။ အလုပ်ထဲမှာ ဖြစ်ဖြစ်၊ အင်တာဗျူးမှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ဒီနည်းလမ်းလေးကို အသုံးပြုလို့ရပါတယ်။

တစ်ဘက်လူနေရခက်အောင်လို့တော့ ထပ်ခါ၊ ထပ်ခါတော့ သွားခေါ်မနေနဲ့ပေါ့။ သူ့တို့နာမည်ကို သင်မှတ်မိကြောင်းနဲ့ သင်က ယုံကြည်လို့ရတဲ့သူဆိုတာကို သူတို့သိသွားရင်ရပါပြီ။

၂။ ဦးနှောက်စွမ်းရည်ကို တိုးမြှင့်ပါ

ဘာသာစကားအသစ်တစ်ခုကို ထပ်မံလေ့လာခြင်းက ဦးနှောက်စွမ်းရည်ကို တိုးမြင့်လာနိုင်စေတယ်လို့ ဆိုပါတယ်။ မှတ်ဉာဏ်၊ အာရုံစူးစိုက်နိုင်စွမ်း၊ နားထောင်နိုင်စွမ်းနဲ့ ဦးနှောက်အလုပ်လုပ်နိုင်စွမ်းတွေ တိုးမြှင့်နိုင်ဖို့ ခုပဲစတင်လေ့လာလိုက်ပါ။

၃။ အကောင်းမြင်တတ်သူ ဖြစ်ပါစေ

ကျေးဇူးတင်စကားပြောဖို့ ဝန်မလေးပါနဲ့။ တစ်စုံတစ်ယောက်ကို ကျေးဇူးတင်စကားပြောပေးခြင်းက သင့်ရဲ့စိတ်ခံစားချက်တွေကို ပိုလို့လန်းဆန်းလာစေပြီး အကောင်းမြင်တတ်လာစေပါတယ်။ ပတ်ဝန်းကျင်မှာ အကောင်းမြင်တတ်သူတွေနဲ့ပဲ ဝိုင်းနေချင်တယ်ဆိုရင်တော့ သင်ကိုယ်တိုင်က ကျေးဇူးတင်တတ်ခြင်းကနေ စတင်ဖို့လိုပါမယ်။

မနက်မိုးလင်းတာနဲ့ လောကကြီးရဲ့ ကျေးဇူးတင်စရာကောင်းတဲ့ အချက် (၅) ချက်လောက်ကို ချရေးလိုက်ပါ။ အဲဒီအချက်တွေပေါ်လိုက်ပြီး သင့်တစ်နေ့တာကို စတင်ပါ။

၄။ မိမိကိုယ်ကို ထိန်းသိမ်းတတ်ပါစေ

မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိဖို့ လိုပါတယ်။ ဒါကလည်း ဦးနှောက်စွမ်းဆောင်ရည် အားကောင်းနေမှ အဆင်ပြေတာပါ။ ဒါမှ ထိန်းချုပ်နိုင်မှာကိုး။

သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ မသန်တဲ့လက်နဲ့ သွားပွတ်တံကိုင်ပြီး သွားတိုက်ခြင်းက ဦးနှောက်ရဲ့ငြိမ်သက်နေတဲ့ အစိတ်အပိုင်းတစ်ချို့ကို တက်ကြွလာစေနိုင်တယ်လို့ ဆိုပါတယ်။ ဘယ်သန်ဆို ညာလက်နဲ့ ကိုင်တိုက်၊ ညာသန်ဆို ဘယ်လက်နဲ့ ကိုင်တိုက်ကြည့်ပေါ့။ လေ့လာတွေရှိချက်တွေအရ ဒီလိုမျိုးပြုလုပ်ခြင်းက သင့်ရဲ့စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကိုပါ ထိန်းချုပ်လာနိုင်တယ်လို့ ဆိုပါတယ်။

၅။ စိတ်ခံစားချက်တွေကို စာစီရေးပါ

မသိတော့ဘူး။ ပြဿနာကြောင့် အရမ်းခေါင်းခြောက်နေရပြီ။ စိတ်ပူနေရပြီဆိုရင် အဲဒီပြဿနာတွေကို စာစီပြီးချရေးလိုက်ပါ။ စာလုံးပေါင်းတွေ၊ သဒ္ဒါ အထားအသိုတွေကို ဂရုစိုက်နေစရာမလိုပါဘူး။ ပြဿနာကိုပဲ အာရုံစိုက်ပြီး စာချရေးပါ။ တဖြည်းဖြည်းနဲ့ စိတ်ပေါ့ပါးလာပြီး အဖြေရှာတွေ့လာပါလိမ့်မယ်။

၆။ အငြင်းအခုံတိုင်းကို အနိုင်ယူပါ

ဟုတ်ပါတယ်။ ဘယ်သူမှတော့ အချေအတင်တိုင်းမှာ အနိုင်မရနိုင်ပါဘူး။ သို့ပေမဲ့ နည်းလမ်းတစ်ခုရှိပါတယ်။

နောက်တစ်ခါ သူငယ်ချင်းတစ်ယောက်နဲ့ အငြင်းအခုံဖြစ်ရတဲ့အခါဆို သူတို့ပြောတဲ့အကြောင်းအရာကို မေးခွန်းပြန်ထုတ်ပြီး သူတို့ကိုပဲ ပြန်ဖြေရှင်းခိုင်း၊ ပြန်စဉ်းစားခိုင်းလိုက်ပါ။

အချက်အလက်တွေကို မတူညီတဲ့နည်းလမ်းကနေ ပြန်တွေးခိုင်းပါ။ ဒီလိုပြုလုပ်ခြင်းက ပဋိပက္ခတွေကို လျော့နည်းလာစေပြီး အကြောင်းအရာအားလုံးကို သင့်ထိန်းချုပ်မှုအောက် ရောက်လာစေပါတယ်။

Ref : Careergirldaily “6 Psychological Tricks That Will Make You More Successful”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top