ငြိမ်းချမ်းရေးကို ခြိမ်းခြောက်တဲ့ လှုံဆော်မှုမျိုး မလုပ်ဖို့ အမေရိကန်ကို မြောက်ကိုရီးယား သတိပေး

c5839e82500fa30e994dd94cfa017d27.jpg

နှစ်နိုင်ငံကြား သမိုင်းဝင် ထိပ်သီးအစည်းဝေးလုပ်ဖို့ ပြင်ဆင်နေတာကြောင့် စစ်ရေးခြိမ်းခြောက်မှုအပြင် ဖိအားပေးမှုတွေနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံကို မြောက်ကိုရီးယားနိုင်ငံက သတိပေးမှုတွေ လုပ်လိုက်ပါတယ်။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတစ်ဦးက မြောက်ကိုရီးယားနိုင်ငံက နျူကလီးယာလက်နက်ကို အပြီးတိုင် မစွန့်လွတ်ခင်အထိ ပိတ်ဆိုမှုပြုလုပ်တာတွေကို မဖြေလျှော့ပေးတာဟာ မြောက်ကိုရီးယားနိုင်ငံအပေါ် ရန်စတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်တို့ဟာ လာမယ့်သီတင်းပတ်တွေအတွင်း ထိပ်သီး တွေဆုံဆွေးနွေးမှုလုပ်မှာဖြစ်ပြီး အဲဒီ နှစ်နိုင်ငံခေါင်းဆောင်ကြား တွေဆုံမှုက မြောက်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံခေါင်းဆောင်ကြား ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား ခေါင်းဆောင်တို့ဟာ ပြီးခဲ့တဲ့လက ဒေသအတွင်းမှာ နျူကလီးယားကင်းစင်ရေး သဘောတူညီမှု ရရှိခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ဟာ ၁၉၅၃ခုနှစ်ကဖြစ်ခဲ့တဲ့ ကိုရီးယားကျွန်းဆွယ် စစ်ပွဲပြီးနောက် တောင်ကိုရီးယားမြေကို ခြေချခဲ့တဲ့ မြောက်ကိုရီးယားရဲ့ ပထမဆုံးခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်နိုင်ငံအပေါ်  ပုံမှန်ဝေဖန်မှုတွေ ရှိနေပြီး ထိပ်သီးအစည်း ဝေးပြုလုပ်ဖို့စီစဉ်နေချိန် ပြီးခဲ့တဲ့သီတင်းပတ်မှာပဲ အမေရိကန်နိုင်ငံအပေါ် ပြစ်တင်ဝေဖန်မူ အနည်းငယ် လုပ်ဆောင်ခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ပိတ်ဆို့မှုနဲ့ အခြားဖိအားတွေကြောင့် နျူကလီယားဖျက်သိမ်းဖို့ ကတိပြုတယ်ဆိုတဲ့ အမေရိကန်ရဲပြောဆိုချက်တွေဟာ အများပြည်သူရဲ့အမြင်ကို လှည့်စားလိုက်တာဖြစ်တယ်လို့ မြောက်ကိုရီးယားအစိုးရတာဝန်ရှိသူကပြောခဲ့ပါတယ်။

အမေရိကန်နိုင်ငံဟာ ကိုရီးယားကျွန်းဆွယ်မှာ  စစ်ရေးဆိုင်ရာတပ်ဖွဲ့ဝင်တွေ ဖြန့်ကြက်ကာ လက်ရှိ ကောင်းမွန်တဲ့အခြေနေကို အနှောက်ယှက်ဖြစ်စေခဲ့တယ်လို့ မြောက်ကိုရီးယား တာဝန်ရှိသူက ဆိုခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ်ရဲ့လက်ရှိအခြေနေ ဟာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆီ ဦးတည်နေချိန်မှာပဲ အမေရိကန်က ဒေါသဖြစ်အောင် လှုံဆော်နေတယ်လို့  မြောက်ကိုရီးယားဘက်က ပြောခဲ့ပါတယ်။

Ref:   BBC “US ‘provocation’ threatens peace, says North Korea “

Kaung Htet Ngwe ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top