“Gone With the Wind” မင်းသမီး အသက် (၁၀၄) မှာ ကွယ်လွန်

27-7-2020-yyl-006.jpg

ဟိုအရင်ကတည်းကနေ အခုချိန်ထိ ရုပ်ရှင်ချစ်ပရိသတ်တွေ ကြိုက်နှစ်သက်ရတဲ့ “လေရူးသုန်သုန်” (Gone with the Wind) မှ ဇာတ်ပို့မင်းသမီး အိုလီဗီယား ဒီ ဟာဗေးလ်လန် (Olivia de Havilland) ဟာ ဇူလိုင်လ (၂၆) ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။ သူ သေဆုံးတော့ အသက် (၁၀၄) နှစ်ရှိပါပြီ။ မင်းသမီး အိုလီဗီယား မသေဆုံးခင်က သူဟာ အဲဒီဇာတ်ကားထဲက နောက်ဆုံးသက်ရှိထင်ရှားကျန်ရှိနေတဲ့ မင်းသမီးဖြစ်ခဲ့တဲ့အပြင် အကယ်ဒမီဆုကို ရရှိခဲ့တဲ့ အသက်အကြီးဆုံး မင်းသမီးလည်းဖြစ်ပါတယ်။

အကယ်ဒမီဆုနှစ်ကြိမ်ရ အိုလီဗီယားက ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ သူနေထိုင်ရာအိမ်မှာ လူကြီးရောဂါနဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “လေရူးသုန်သုန်”ဇာတ်ကားမှာ မီလန်နီ မီလီ ဟာမေးလ်တန် ဇာတ်ရုပ်နဲ့ လူသိများခဲ့တာပါ။ အဲဒီဇာတ်ကားမှာ ပါဝင်တော့ သူ့အသက် (၂၀) ပဲရှိပါသေးတယ်။ အဲဒီနောက်မှာ ရုပ်ရှင်ကားနဲ့ တီဗီရှိုးတော်တော်များများမှာ ဆက်လက်ပါဝင်သရုပ်ဆောင်ခဲ့ရပါတယ်။

မင်းသား အာရိုလ် ဖလင်နဲ့ပဲ ရုပ်ရှင်ကား (၈) ကားမှာ စုံတွဲအဖြစ် မကြာခဏ သရုပ်ဆောင်ခဲ့ရပါတယ်။ အိုလီဗီယားက ၁၉၄၆ခုနှစ်မှာ “To Each His Own” ဇာတ်ကားနဲ့ တစ်ကြိမ်၊ ၁၉၄၉ခုနှစ်မှာ “The Heirness” ဇာတ်ကားနဲ့ တစ်ကြိမ် အော်စကာဆု (၂) ကြိမ်ရရှိခဲ့ပါတယ်။ သူနဲ့သူ့အစ်မတို့ဟာ ခေါင်းဆောင်မင်းသမီးနေရာနဲ့ အကယ်ဒမီကို ရရှိခဲ့တဲ့ ပထမဆုံးသော ညီအစ်မတွေဖြစ်ခဲ့ပါတယ်။ အသက် (၁) နှစ်ကျော်သာ ကွာတဲ့ အိုလီဗီယားနဲ့သူ့အစ်မ ဂျိုအာ ဖွန်တာအင် တို့ကို ဟောလိဝုဒ်ရဲ့ အကျော်အမော်တွေအဖြစ် မှတ်ယူထားကြပါတယ်။

သူတို့ညီအစ်မနှစ်ဦးလုံးက သရုပ်ဆောင်ပိုင်းကို စိတ်ဝင်စားခဲ့တာဖြစ်ပေမယ့် အိုလီဗီးယားက စီးပွားလုပ်ငန်းထဲကို အရင်ဆုံးဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းကျမှ Warner Brosရဲ့ ပြဇာတ်ရုပ်ရှင် ပါဝင်ခဲ့ပြီးနောက် စတူဒီယိုနဲ့ (၇) နှစ်တာ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အဲဒီနောက် ဇာတ်ကားတော်တော်များများမှာ ပါဝင်ခဲ့ကာ နာမည်ကျော်သွားခဲ့ပါတယ်။ အိုလီဗီးယား အနုပညာလောကကနေ အနားမယူခင် ၁၉၈၈ခုနှစ်ရဲ့”The Woman He Loved ဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် နောက်ဆုံးပါဝင်ခဲ့တာဖြစ်ပါတယ်။

Ref: ABCNews “Olivia de Havilland, last living star of ‘Gone With the Wind,’ dead at 104”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top