ဒုတိယအန္တရာယ်အကြီးဆုံးမြို့အဖြစ် ရပ်တည်နေတဲ့ ရန်ကုန်မြို့

karachi.jpg

ကမ္ဘာမြို့ကြီးများ အန္တရာယ်ဘယ်လောက်ကင်းသလဲဆိုတာ အဆင့်သတ်မှတ်ထားတဲ့ စာရင်းတစ်ခု ထွက်ရှိလာခဲ့ပြီး ဒီအထဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ မြို့တော် ဖြစ်တဲ့ ရန်ကုန်မြို့က ဒုတိယ အန္တရာယ်အများဆုံး နေရာအဖြစ် ရပ်တည်နေခဲ့ပါတယ်။

ဒီစစ်တမ်းကို Economist Intelligence Unit မှ ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး ဒီမြို့တွေရဲ့ ဒစ်ဂျစ်တယ် လုံခြုံမှု၊ ကျန်းမာရေး လုံခြုံမှု၊ အခြေခံအဆောက်အဦး လုံခြုံမှု နဲ့ တစ်ကိုယ်ရည်ဆိုင်ရာ လုံခြုံမှုစတဲ့ စံမှတ်ကျောက် ၄ ခုနဲ့ တိုင်းတာခဲ့တာဖြစ်ပါတယ်။

ဒီစစ်တမ်းအရ အန္တရာယ်အများဆုံးမြို့တွေထဲမှာ အာရှတိုက် တောင်ဘက်ပိုင်း၊ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက်မှ မြို့တွေ ပါဝင်လာခဲ့ပြီး ပါကစ္စတန်နိုင်ငံမှ ကရာချိမြို့က အန္တရာယ်အများဆုံးမြို့အဖြစ် ရပ်တည်နေပါတယ်။

ဒုတိယနေရာမှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ မြို့တော် ရန်ကုန်ပါဝင်လာခဲ့ပြီး နောက်မှာတော့ ဘင်္ဂလားဒေရှ်နိုင်ငံက ဒါကာမြို့နဲ့ အင်ဒိုနီးရှားနိုင်ငံက ဂျကာတာ မြို့တို့က အသီးသီးရပ်တည်နေပါတယ်။

တခြားတစ်ဖက်က ကမ္ဘာ့အန္တရာယ်အကင်းဆုံးမြို့တော်တွေမှာတော့ ဂျပန်နိုင်ငံက တိုကျိုမြို့က ပထမ နေရာအဖြစ် နှစ်ကြိမ်ဆက်ရပ်တည်နေခဲ့ပြီး ဒုတိယနေရာမှာတော့ စင်ကာပူက ရပ်တည်နေကာ တတိယနေရာမှာတော့ ဂျပန်နိုင်ငံက အိုဆာကာမြို့က ရပ်တည်နေပါတယ်။

ဒီစံချိန်စံနှုန်းအရ သတ်မှတ်ရာမှာတော့ ဒစ်ဂျစ်တယ်နည်းပညာ တိုးတက်မှုနဲ့ ဒစ်ဂျစ်တယ်လုံခြုံမှု ဘယ်လောက်ရှိလဲဆိုတာကိုပါ တိုင်းတာတာ ဖြစ်တဲ့အတွက် တိုးတက်နေတဲ့ နိုင်ငံကြီးများမှ မြို့တွေ မပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဥပမာ မနှစ် နိုဝင်ဘာလ က အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကိုမြို့မှာ ဟက်ကာများက မြို့တော်ရဲ့ သယ်ယူပို့ဆောင်ရေး စနစ်ကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်မျိုးကြောင့် နိုင်ငံကြီးများမှ မြို့တွေ မပါဝင်ခဲ့တာ ဖြစ်ပါတယ်။

တိုးတက်နေတဲ့ မြို့ကြီးတွေမှာ အင်တာနက် အလွယ်တကူ သုံးစွဲနိုင်အောင် အခြေခံအဆောက်အဦးတွေ တည်ဆောက်ထားပြီး ဝိုင်ယာလက် စနစ်သုံး ပစ္စည်းတွေပါ သုံးစွဲထားတဲ့အတွက် ဒီမြို့တွေက ဆိုက်ဘာတိုက်ခိုက်ခံရနိုင်ခြေ မြင့်မားနေတာ ဖြစ်ပါတယ်။ မြို့ကြီးတွေရဲ့ အန္တရာယ်များနှုန်းကို ဆုံးဖြတ်ခဲ့တဲ့ စံနှုန်းတွေထဲမှာတော့ ကျန်းမာရေး လုံခြုံမှုဟာ ကျန်းမာရေး စောင့်ရှောက်မှု အဆောက်အအုံတွေသာမကဘဲ မြို့ပြရဲ့ ကျန်းမာရေးသန့်ရှင်းမှု ကိုပါ ထည့်သွင်း တွက်ချက်ခဲ့ပြီး အခြေခံအဆောက်အဦး လုံခြုံမှုမှာတော့ ဒီမြို့တွေရဲ့ အဆောက်အဦး၊ လမ်းတွေနဲ့ တံတားတွေ အန္တရာယ်ကင်းမှုနဲ့ တစ်ကိုယ်ရေဆိုင်ရာ လုံခြုံမှုမှာတော့ ရာဇဝတ်မှုများ၊ လူသတ်မှုများနဲ့ အကြမ်းဖက်သမားများရဲ့ တိုက်ခိုက်ခံရနှုန်းကို ထည့်သွင်းတွက်ချက်ခဲ့တာ ဖြစ်ပါတယ်။

အောက်က စာရင်းမှာတော့ ကမ္ဘာ့ဘေးအကင်းဆုံးမြို့တော် ၁၀ မြို့နဲ့ ကမ္ဘာ့အန္တရာယ်အများဆုံး မြို့တော် (၁၀) မြို့ရဲ့စာရင်းများ ဖြစ်ပါတယ်။

ကမ္ဘာ့ဘေးအကင်းဆုံးမြို့တော် ၁၀ မြို့

1. Tokyo: 89.80

2. Singapore: 89.64

3. Osaka: 88.87

4. Toronto: 87.36

5. Melbourne: 87.30

6. Amsterdam: 87.26

7. Sydney: 86.74

8. Stockholm: 86.72

9. Hong Kong: 86.22

10. Zurich: 85.20

ကမ္ဘာ့အန္တရာယ်အများဆုံး မြို့တော် (၁၀) မြို့

51. Cairo: 58.33

52. Tehran: 56.49

53. Quito: 56.39

54. Caracas: 55.22

55. Manila: 54.86

56. Ho Chi Minh City: 54.33

57. Jakarta: 53.39

58. Dhaka: 47.37

59. Yangon: 46.47

60. Karachi: 38.77

Ref : ABS News : these cities were deemed the least safe in the world

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top