စားနပ်ရိက္ခာပြတ်သွားလို့ လိုက်ဘေးရီးယား အကျဉ်းထောင်မှာ အကျဉ်းသားသစ် လက်မခံနိုင်တဲ့အဆင့် ကြုံ

30.1.2021yyl04.jpg

အခုလအစောပိုင်းက လိုက်ဘေးရီးယားနိုင်ငံရဲ့ ပင်မအကျဉ်းထောင်မှာ စားနပ်ရိက္ခာ ပြတ်လပ်သွားပြီး ကြောက်မက်ဖွယ် အခြေအနေတွေ ကြုံတွေ့ခဲ့ရလို့ အကျဉ်းသားသစ် လက်မခံနိုင်ခဲ့ပါဘူး။ လိုက်ဘေးရီးယားနိုင်ငံရဲ့ အကျဉ်းထောင် ၁၅ ခုလုံးမှာ စားနပ်ရိက္ခာပြတ်လပ်မှု ဖြစ်ပွားခဲ့ပြီး အကျဉ်းထောင် ၂ ထောင်ကတော့ အကျဉ်းသားသစ် လက်မခံနိုင်ခဲ့တာ ဖြစ်ပါတယ်။

၂ ရက်အကြာမှာ ဒေသခံပရဟိတသမားတစ်ဦးနဲ့ ပရဟိတအဖွဲ့တစ်ဖွဲ့က ကူညီပေးခဲ့လို့ အကျဉ်းသားသစ် လက်မခံနိုင်တဲ့ပြဿနာ ပြေလည်သွားခဲ့ပေမဲ့ ဘတ်ဂျက်နည်းပါးလွန်းတာ၊ အကျဉ်းထောင်တွေမှာ လူအပြည့်အသိပ်ဖြစ်နေတာ အစရှိတဲ့ ပြဿနာတွေ ကြုံနေရဆဲပါ။

အတ္တလန ္တိတ်သမုဒ္ဒရာကို အပေါ်စီးကနေ မိုးကြည့်နေတဲ့ မွန်ရိုဗီယာဗဟိုအကျဉ်းထောင်ဟာ လူ ၄၀၀ လောက်အတွက်ပဲ ရည်ရွယ်တည်ဆောက်ထားပေမဲ့ အကျဉ်းသား ၁၄၀၀ ရှိနေပါတယ်။ စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် ထောင်ပိုင်တွေက အကျဉ်းသားတွေကို တစ်နေ့ စားစရာတစ်နပ်ပဲ ကျွေးနိုင်ခဲ့ပါတယ်။

လိုက်ဘေးရီးယားအစိုးရက အကျဉ်းထောင်တွေအတွက် ချထားပေးတဲ့ ဘတ်ဂျက်နည်းပါးလွန်းပြီး အချိန်မီ ငွေမရရှိမှုကြောင့် ထောင်ပိုင်တွေဟာ အကျဉ်းသားတွေကို ကျွေးမွေးနိုင်ဖို့ ငွေလိုက်ချေးရတဲ့ အခြေအနေ ဖြစ်ခဲ့တယ်လို့ ထောင်ပိုင်တစ်ဦးက ဆိုပါတယ်။

Ref: BBC “Liberia prisons: Where inmates are short of food, space and uniforms”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top