စက်တင်ဘာကနေ နိုဝင်ဘာကြား မွေးဖွားသူတွေက တခြားလ မွေးဖွားသူတွေထက် အသက်ပိုရှည်ကြတယ်လို့ လေ့လာတွေ့ရှိ

9-27-2022-yyl-14.jpg

စက်တင်ဘာလကနေ နိုဝင်ဘာလကြား မွေးဖွားသူတွေဟာ တခြားလ မွေးဖွားသူတွေနဲ့ယှဉ်ရင် အသက်ပိုရှည်ကြပြီး အသက် ၁၀၀ ကျော်အထိ နေရနိုင်ခြေ ပိုများတယ်လို့ ချီကာကိုတက္ကသိုလ်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ သူတို့ဟာ ၁၈၈၀ ပြည့်နှစ်ကနေ ၁၈၉၅ ခုနှစ်ကြား မွေးဖွားပြီး အသက် ၁၀၀ ကျော် နေခဲ့ရသူ ၁၅၀၀ ကျော်ကို သူတို့ရဲ့ဆွေမျိုးသားချင်းတွေနဲ့ နှိုင်းယှဉ်လေ့လာခဲ့ကြတာပါ။

အဲဒီလေ့လာတွေ့ရှိမှု နောက်ကွယ်မှာ သီအိုရီတချို့ရှိတဲ့အနက် သီအိုရီတစ်ခုကတော့ စက်တင်ဘာလကနေ နိုဝင်ဘာလကြား မွေးဖွားသူတွေဟာ မွေးကင်းစအရွယ်မှာ ပူလွန်း၊ အေးလွန်းတဲ့ဒဏ်ကနေ ရှောင်လွှဲနိုင်ကြလို့ အဖျား၊ အနာကင်းတာကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Ref: Those born between September and November are more likely to live to 100

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top