ဒိုင်နိုဆောတစ်ကောင်ရဲ့ ဧရာမပေါင်အရိုးစုကို ပြင်သစ်နိုင်ငံမှာတွေ့ရှိ

67192590_3296792717028192_8302281330603851776_n.jpg

ပြီးခဲ့တဲ့အပတ် ဇူလိုင်လ (၂၄) ရက်နေ့မှာ National Museum of Natural History of Paris က သုတေသနဒေါက်တာဘွဲ့ရတစ်ဦးဖြစ်တဲ့ မာဇီမီ လက်စ်စီရွန် (Maxime Lasseron) က ဘဝမှာ တစ်ခါသာ တွေ့မြင်ရနိုင်တဲ့ ဒိုင်နိုဆောတစ်ကောင်ရဲ့ ပေါင်ရိုးကို စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီဧရာမအရိုးကြီးကို ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်း Chateauneuf-sur- Charente အနီးနားက ကျောက်ဖြစ်ရုပ်ကြွင်းတွေ တူးဖော်ရေးဆိုက်မှာ တူးဖော်မှုတွေပြုလုပ်နေရင်း ရှာဖွေတွေ့ရှိခဲ့တာပါ။ အရိုးက ထိန်းသိမ်းစောင့်ရှောက်ထားမယ့် အခြေအနေဖြစ်ပါတယ်။  နှစ်ပေါင်းသန်း (၁၄၀) သက်တမ်းရှိတဲ့ (အရှည် (၂) မီတာ၊ အလေးချိန် (၅၀၀) ကီလိုဂရမ်) အရိုးစုက Jurassic ကာလတွေက အကြီးဆုံးအပင်စားတိရစ္ဆာန်ဒိုင်နိုဆောတစ်ကောင်ရဲ့ပေါင်ရိုးဖြစ်တယ်လို့ သိရပါတယ်။

ဒီဧရာမအရိုးကို တွေ့ရှိခဲ့တဲ့အပြင် အခြားအရိုးစုတွေကိုလည်း တူးဖော်တွေ့ရှိခဲ့ကြပါတယ်။

Ref: CGTN
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top