အူရီဒူးမြန်မာ၏ “ဒုန်း ဒုန်း ဒုန်း” ပရိုမိုးရှင်းအစီအစဉ်

Ooredoo-Don-Don-Don-Promotion-with-Big-Prizes.jpg

အူရီဒူးမြန်မာသည် ဆုလက်ဆောင်အရေအတွက် ရာနှင့်ချီချီးမြှင့်ပေးသွားမည့် “ဒုန်း ဒုန်း ဒုန်း” အထူးပရိုမိုးရှင်း အစီအစဉ်အား ယနေ့စတင်မိတ်ဆက်ခဲ့ပြီး အဆိုပါအစီအစဉ်အရ အူရီဒူး အသုံးပြုသူများသည် နေ့စဉ်ဆုမဲများအဖြစ် 200GB အထိ ဒေတာဆုလက်ဆောင်၊အပတ်စဉ်ဆုများအတွက် Suzuki Swift ကားသစ် ၁ စီး၊ မော်တော် ဆိုင်ကယ် ၅ စီး၊ iPhone 11 ၁၀ လုံးနှင့် ရွှေဒင်္ဂါးပြားများစွာ အပါအဝင် ရာနှင့်ချီသော ဆုကြီးများစွာအားကံထူးပိုင်ဆိုင်ခွင့် ရရှိနိုင်မည်ဖြစ်သည်။

အဆိုပါဆုကြီးများအား ရယူပိုင်ဆိုင်နိုင်ရန်အတွက် အူရီဒူးသုံးစွဲသူများအနေဖြင့် MyOoredoo App ကို အသုံးပြုပြီး ၉၇၅ ကျပ်တန်နှင့် ၈၄၅ ကျပ်တန် “ဒုန်း ဒုန်း ဒုန်း” ဒေတာ အစီအစဉ် ၂ ခုအနက် ၁ ခုအား ဝယ်ယူရန် လိုအပ်ပြီး ထိုသို့ ဝယ်ယူလိုက်သည်နှင့်တပြိုင်နက် ဘောလုံးကန်သည့် ဂိမ်းအစီအစဉ်အား ချက်ခြင်းဆော့ကစားပြီး၊ ချက်ခြင်းလက်ငင်း ဒေတာပမာဏ 200GB အထိ ကံထူးနိုင်မည်ဖြစ်သည့်အပြင် အပတ်စဉ်ဆုမဲများ ဖြစ်သည့် Suzuki Swift ကားသစ်၊ မော်တော်ဆိုင်ကယ်များ၊ iPhone11ဟန်းဆက်များနှင့် ရွှေဒင်္ဂါးပြားများစွာကို ပါဝင်ကံထူးခွင့် ရရှိနိုင်မည်ဖြစ်သည်။ အူရီဒူးသုံးစွဲသူများအနေဖြင့် My Ooredoo App အား *565# သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေGoogle Play Store မှ တဆင့် ဖြစ်စေ၊ iOS App Store မှ တဆင့်ဖြစ်စေ အလွယ်တကူ
ဒေါင်းလုတ်ရယူနိုင်မည် ဖြစ်သည်။

“အူရီဒူးမြန်မာအနေနဲ့ ‘ပြည်သူတို့၏ ဒစ်ဂျစ်တယ်ဘဝများ ပြည့်ဝမြင့်မားစေရန်လုပ်ဆောင်ပေးမည်’ ဆိုတဲ့ ရည်မှန်းချက်အတိုင်း အကောင်းမွန်ဆုံး ဒစ်ဂျစ်တယ် ထုတ်ကုန်၊ ဝန်ဆောင်မှုတွေနဲ့ ပရိုမိုးရှင်း အစီအစဉ်တွေကို အစဉ်မပြတ် ပေးအပ်သွားနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ ယခု ကျွန်တော်တို့မိတ်ဆက်ပေးလိုက်တဲ့ ဆုကြီးတွေအများအပြား ပေးအပ်သွားမယ့် ‘ဒုန်း ဒုန်း ဒုန်း’ ပရိုမိုးရှင်းဟာလည်း ပျော်စရာကောင်းတဲ့ ဒစ်ဂျစ်တယ်ဘောလုံးကန်တဲ့ဂိမ်းနဲ့ ပေါင်းစပ်ထားတဲ့အတွက် အူရီဒူးသုံးစွဲသူတွေအားလုံးအနေနဲ့ ဆုလက်ဆောင်တွေနဲ့အတူ စိတ်လှုပ်ရှားစရာ အတွေ့အကြုံတွေ အမြောက်အမြား ခံစားရရှိစေနိုင်မှာဖြစ်ပါတယ်။ ဆုကြီးတွေကို ဘယ်သူတွေ ကံထူးပိုင်ဆိုင်သွားကြမလဲဆိုတာလည်း ဆက်လက် စောင့်ကြည့်ပေးကြပါဦး။” ဟု အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. Alok Verma က ပြောကြားလိုက်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top