ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်က အေစီမီလန်ကို ဝယ်ယူဖို့ စိတ်ဝင်စားနေ

yyl-017-3.jpg

ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်က အေစီမီလန်အသင်းကို ပေါင်သန်း ၈၉၀ နဲ့ ဝယ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဘားနက်ဒ်အာနော့(Bernard Arnault)ဟာ နာမည်ကျော်ဖက်ရှင်ကုမ္ပဏီ လူးဝစ်ဗစ်တန်(Louis Vuitton)၊ ရှန်ပိန်ကုမ္ပဏီ ဒွန်ပီရစ်နန်နဲ့ တခြားကုန်အမှတ်တံဆိပ် ၆၈ မျိုးကို ပိုင်ဆိုင်သူပါ။ ပြီးခဲ့တဲ့ဇူလိုင်လမှာ ဖို့ဘ်(Forbes)မဂ္ဂဇင်းက ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ ပြင်သစ်နိုင်ငံသား ဘားနက်ဒ်အာနော့က ပေါင် ၈၆ ဘီလျံ ပိုင်ဆိုင်ထားတယ်လို့ ဖော်ပြပါတယ်။

သူက ဘောလုံးအသင်းတစ်သင်း ဝယ်ယူဖို့ စိတ်အားထက်သန်နေပြီး အေစီမီလန်ကို သူ့အတွက် အဓိကပစ်မှတ်ဖြစ်နေပါတယ်။ အေစီမီလန်အသင်းရဲ့ အလားအလာကို သဘောကျတဲ့ ဘားနက်ဒ်အာနော့က သူသာ အသင်းကို ဝယ်ယူခွင့်ရရင် အပြောင်းအရွှေ့အသုံးစရိတ်၊ အကယ်ဒမီ၊ စပွန်ဆာစာချုပ်တွေနဲ့ပတ်သက်ပြီး အကြီးအကျယ် ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေပါတယ်။

ဒါပေမဲ့ ၂၀၁၇ ခုနှစ်ကစတင်ပြီး အေစီမီလန်ကို ဝယ်ယူခဲ့တဲ့ အီးလီးယော့စီမံခန့်ခွဲမှုအဖွဲ့(Elliot Management)က အသင်းကို ရောင်းချဖို့ စိတ်မဝင်စားပါဘူး။ မကြာသေးခင်အချိန်အတွင်း ပေါင်သန်း ၅၀၀ ကျော် ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ဖူးပါတယ်။ သမိုင်းအစဉ်အလာကြီးမားတဲ့ အေစီမီလန်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း စီးရီးအေပြိုင်ပွဲမှာ ခြေစွမ်းမပြနိုင်လို့ ချန်ပီယံလိဂ်ကစားခွင့် ဆုံးရှုံးခဲ့ပါတယ်။
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top