ကမ္ဘာ့ချန်ပီယံဆုကို (၆)ကြိမ်မြောက် ဆွတ်ခူးခဲ့တဲ့ လူးဝစ်ဟာမီလ်တန်

yyl-008-3.jpg

အမေရိကန်ဂရင်းပရီပြိုင်ပွဲမှာ ဒုတိယနေရာ ရပ်တည်နိုင်ခဲ့တဲ့ ဗြိတိန်ဖော်မြူလာဝမ်း ကားမောင်းသမား လူးဝစ်ဟာမီလ်တန်ကတော့ ကမ္ဘာ့ချန်ပီယံဆုကို (၆)ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မက္ကဆီကို၊ ရုရှား၊ ဟန်ဂေရီ၊ ဗြိတိန်၊ ပြင်သစ်၊ ကနေဒါ၊ မိုနာကို၊ စပိန်၊ တရုတ်၊ ဘာရိန်း၊ အဘူဒါဘီ၊ ဘရာဇီး စတဲ့ ဂရင်းပရီပြိုင်ပွဲတွေမှာ ဗိုလ်စွဲခဲ့တဲ့ ဟာမီလ်တန်ဟာ အမေရိကန်ဂရင်းပရီပြိုင်ပွဲမှာ အဆင့်(၆)နေရာ ရပ်တည်နိုင်ရုံနဲ့ ကမ္ဘာ့ဖော်မြူလာဝမ်းကားမောင်းချန်ပီယံဆု ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။

ဒါဟာ သူဟာ မာစီးဒီးစ်အသင်းဖော် ဘော့တက်စ်ရဲ့နောက် ဒုတိယနေရာ ရပ်တည်ပြီး (၆)ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံဆု ဆွတ်ခူးခဲ့တာပါ။ အဲဒီအတွက် ဖော်မြူလာဝမ်းသမိုင်းမှာ မိုက်ကယ်ရှူးမေဂါ(ကမ္ဘာ့ချန်ပီယံဆုကို (၇)ကြိမ် ဆွတ်ခူးခဲ့)ပြီးရင်
အအောင်မြင်ဆုံး ဖော်မြူလာဝမ်း ကားမောင်းသမားဖြစ်လာခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top