ဂရီယာလစ်ကို သတိထား စောင့်ကြည့်ဖို့ မန်ယူအသင်းသား တွေကို ဆိုးလ်ရှားသတိပေး

8-7-2020-yyl-045.jpg

ဗီလာနဲ့ ကစားရမယ့်ပွဲစဉ်မှာ ပြိုင်ဘက်အသင်း ကွင်းလယ်ဖန်တီးရှင် ဂရီယာလစ်ကို သတိထားစောင့်ကြည့်ကြဖို့ မန်ယူအသင်းသားတွေကို နည်းပြဆိုးလ်ရှားက သတိပေးထားပါတယ်။ ဗီလာအသင်းခေါင်းဆောင် ဂရီယာလစ်ဟာ ဒီရာသီအကုန်မှာ ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ နဲ့ မန်ယူအသင်းကို ပြောင်းမယ်လို့ သတင်းထွက်နေသူပါ။ တကယ်လို့ ဗီလာအသင်း တန်းဆင်းရရင် အပြောင်းအရွှေ့ဖြစ်ဖို့ ပိုများနေပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မန်ယူနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်မှာ ဗီလာအတွက် ဂိုးသွင်းပေးနိုင်ခဲ့သူပါ။

” နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ သူတို့က ကျွန်တော်တို့ကို အခက်တွေ့အောင်လုပ်နိုင်ခဲ့ပါတယ်။ ဂရီယာလစ်က ဘယ်တောင်ပံ၊ အယ်ဂါဇီက ညာတောင်ပံကနေ ထိုးဖောက်ခဲ့တာပါ။ ဂရီယာလစ်က အရမ်းကောင်းတဲ့ ဂိုးတစ်ဂိုးလည်း သွင်းခဲ့တယ်။ သူနဲ့ပတ်သက်ပြီး ပြောစရာအများကြီးပါ။ သူ့ကို ဘယ်နေရာကပဲ ပွဲထုတ်လာပါစေ သတိထားစောင့်ကြည့်ဖို့ လိုတာတော့ အမှန်ပါပဲ။ သူ့ဆီကို ကစားသမားတွေ ဝိုင်းအုံလာအောင် ဂရီယာလစ်က ဖမ်းစားနိုင်ပါတယ်။ ဒါပေမဲ့ ဗီလာအသင်းမှာ သူတစ်ယောက်တည်း ရှိတာမဟုတ်ပါဘူး။ ကစားသမားကောင်းတွေ အများကြီးပါ”လို့ ဆိုးလ်ရှားက ပြောပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ နိုင်ပွဲဆက်နေတဲ့ မန်ယူဟာ အခုပွဲစဉ်မှာ အနိုင်ရခဲ့ရင် အဆင့်(၄) နေရာက လက်စတာအသင်းကို တစ်မှတ်အကွာကနေ ဖိအားပေးနိုင်မှာပါ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top