Rockabye သီချင်းပုံစံအသစ် အွန်လိုင်းမှာနားဆင်နိုင်တော့မယ်

yyl-1-10-005.jpg

မြန်မာအဆိုတော်တစ်ဦးဖြစ်တဲ့ Raymoond က တရားဝင်ဆန်းသစ်သီဆိုထားတဲ့ Rockabye သီချင်းကို Joox Application ပေါ်မှာ ပရိတ်သတ်တွေအနေနဲ့ မကြာမီနားဆင်နိုင်တော့မှာ ဖြစ်တယ်လို့ Tuborg မြန်မာရဲ့ Brand Manager မငြိမ်းငြိမ်းစိုးက ပြောပါတယ်။

“Rockabye မူရင်းသီချင်းကို ကိုယ်လိုချင်တဲ့ ပုံစံရောက်အောင် ပြန်လည်ဖန်တီးသီဆိုခွင့်ရတာ ကျွန်တော်အတွက်တော့ အရမ်းကောင်းတဲ့ အခွင့်အရေးတစ်ခုပါ။ သီချင်းမှာ ကိုယ့်ကိုကိုယ် Challeng လုပ်ပြီး rap ဆိုထားပါတယ်။ ကိုယ်ဆိုနေကျ ပုံစံမဟုတ်တော့ ပထမပိုင်းမှာ အထာမကျတာ အဆင်မပြေတာမျိုးတွေရှိပေမဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်” တေးသံရှင် Raymoond ကပြောပါတယ်။
၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Clean Bandit အဖွဲ့ရဲ့ သီချင်ဖြစ်တဲ့ Rockabye ကို တေးသံရှင် Raymoond က ယခုနှစ်မှာ Tuborg Open Campaign မှာ ပြန်လည်ဆန်းသစ်သီဆိုထားတာဖြစ်ပါတယ်။

Tuborg Open Campaign က ဂီတ ချစ်သူများကို ကန့်သတ်ထားတဲ့ ဘောင်ထဲကဖောက်ထွက်ပြီး အကောင်းဘက်ကို ဦးတည်တဲ့ အတွေးသစ်၊ အမြင်သစ်တွေကို ဖန်တီးနိုင်အောင် အားပေးတဲ့ အစီအစဉ်တစ်ခုပဲဖြစ်ပြီး မြန်မာနိုင်ငံသာမက အခြားသောနိုင်ငံတွေမှာပါ ပြုလုပ်နေပါတယ်။

Cherry (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top