လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ကျောက်ဆောင်အိမ်တွေပေါ်မှာ နေထိုင်သူတွေကို မြို့ပြအိမ်ရာတွေဆီ ရွှေ့ပြောင်းပေး

15-5-2020-yyl-027.jpg

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ မီတာ ၈၀၀ ကျောက်ဆောင်အိမ်တွေလို့ ခေါ်ကြတဲ့ တောင်ပေါ်အိမ်တွေ ရှိပါတယ်။ အရင်တုန်းကတော့ အတူလီရာရွာမှာ နေထိုင်တဲ့ လူကြီး၊ လူငယ်တွေဟာ ကျောက်ဆောင်ဘေး ပန်းဖောက်ထားတဲ့ အုန်းဆံလှေကားကို ခဲရာခဲဆစ် တွယ်တက်ပြီး အသွား၊ အလာလုပ်ရပါတယ်။ တစ်ခါတလေဆိုရင် ကလေးငယ်တွေကို ကျောမှာပိုးပြီး တောင် အတက်၊ အဆင်းလုပ်ကြရပါတယ်။ ၂၀၁၆ ခုနှစ်က လူမှုကွန်ရက်ပေါ်မှာ အဲဒီဓာတ်ပုံတွေ ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ တရုတ်အစိုးရက စတီးလှေကားတွေ တပ်ဆင်ပေးခဲ့ပါတယ်။ အခုအခါမှာတော့ ဆင်းရဲမွဲတေမှု သက်သာလျော့ပါးစေရေး လှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းအဖြစ် အတူလီရာရွာမှာ နေထိုင်တဲ့ အိမ်ထောင်စု ၈၄ ခုကို ကီလိုမီတာ ၇၀ ကွာဝေးတဲ့ ကျောက်ကျဲမြို့ပေါ်က မြို့ပြအိမ်ရာ တိုက်ခန်းတွေဆီ ပြောင်းရွှေ့ပေးလိုက်ပါပြီ။

ယီမျိုးနွယ်စုကနေ ဆင်းသက်လာပြီး အတူလီရာရွာမှာ ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့တဲ့ ရွာသားတွေအတွက် မြို့ပြအိမ်ရာ တိုက်ခန်းတွေမှာ ပြောင်းရွှေ့နေထိုင်ရတာက ကြီးမားတဲ့ အပြောင်းအလဲတစ်ရပ်ပါ။ အခုလိုပြောင်းရွှေ့နေထိုင်မှုရဲ့ စရိတ်စက ၇၀ ရာခိုင်နှုန်းကို အစိုးရက စိုက်ထုတ်ကျခံပေးတာဖြစ်ပေမဲ့ တိုက်ခန်းတွေကို ပြောင်းရွှေ့နေထိုင်သူ တစ်ယောက်အတွက် ယွမ် ၂၅၀၀ (အမေရိကန်ဒေါ်လာ ၃၅၂ ဒေါ်လာ) ပေးရမှာဖြစ်လို့ မိသားစုလေးယောက်ရှိတဲ့ အိမ်ထောင်စုတစ်စုဆိုရင် ယွမ် ၁၀၀၀၀ ကုန်ကျမယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာ China Daily က ဖော်ပြပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top