ပါးစပ်ခြောက်တတ်တဲ့သူများအတွက်သာ

yyl-24-053.jpg

မကြာခဏဆိုသလို ရေဆာသလိုခံစားနေရပါသလား။ ရေ (၂)ခွက်၊ (၃) ခွက်လောက်သောက်ပြီးတာတောင် သင့်ပါးစပ်ခြောက်နေသလိုခံစားနေရပါသလား။ အဲဒီလိုဖြစ်လာရင်တော့ ဂရုစိုက်ဖို့လိုလာပါပြီ။ ပါးစပ်ခြောက်တာက တံတွေးထုတ်တဲ့ ဂလန်းက ကောင်းကောင်းအလုပ်မလုပ်တဲ့အတွက် ဖြစ်ရတာပါ။ ဒီလိုပြဿနာမျိုးကို ခံစားနေရတဲ့လူတစ်ယောက်က အစားအစာမျိုချတဲ့အခါမှာ အခက်အခဲရှိလာသလို နှုတ်ခမ်းကွဲတာ၊ ခံတွင်းအနံ့သက်မကောင်းတာတွေဖြစ်လာနိုင်ပါတယ်။ အောက်မှာ ဖော်ပြပေးမယ့် နည်းတွေအတိုင်းလိုက်လို့မယ်ဆိုရင်တော့ ဒီပြဿနာမျိုးနဲ့ ကင်းဝေးမှာပါနော်…။

ရေသောက်ပါ

အရင်ဆုံးလုပ်ရမယ့်အရာက ကိုယ့်ကိုယ်ကိုယ် ရေဓာတ်ပြည့်ဝနေအောင်လုပ်ပါ။ ပါးစပ်ခြောက်တဲ့ပြဿနာကို မတွေ့ကြုံချင်ရင် ရေများများသောက်ပေးပါ။ နေ့တိုင်း ရေ (၂) လီတာသောက်ပေးသင့်ပါတယ်။ အုန်းရည် (ဒါမှမဟုတ်) ဖျော်ရည်တွေကိုလည်း သောက်ပေးလို့ရပါတယ်။

သကြားမပါတဲ့ပီကေကိုဝါးပါ

သကြားမပါတဲ့ပီကေ (ဒါမှဟုတ်) သကြားမပါတဲ့ချိုချဉ်တွေက ပါးစပ်ခြောက်တဲ့ပြဿနာကို ခဏတာတော့ ပြေပျောက်စေနိုင်ပါတယ်။ ပီကေဝါးခြင်းက တတွေးထုတ်လုပ်အောင် စွမ်းဆောင်နိုင်စွမ်းရှိပါတယ်။

ပလုတ်ကျင်းပါ

ဆားတစ်ဇွန်းခပ်ထားတဲ့ ရေနွေးနွေးလေးနဲ့ နေ့တိုင်းပလုတ်ကျင်းပေးပါ။ ဒါက ပါးစပ်ခြောက်ခြင်းပြဿနာကို သက်သာအောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။ ပလုတ်ကျင်းတာက တံတွေးဂလန်းကို တံတွေးထုတ်ပေးအောင် အစပျိုးပေးနိုင်ပါတယ်။

ဟင်းခတ်မွေးကြိုင်ကို စားကြည့်ပါ

တံတွေးဂလန်းကို တံတွေးထုတ်နိုင်အောင် သင့်အစားအစာထဲမှာ ဟင်းခတ်မွေးကြိုင်နည်းနည်းထည့်စားကြည့်ပါ။ ပါးစပ်ခြောက်တဲ့အခါ သင် အစားစာထဲ ထည့်စားလို့ရတဲ့ ဟင်းခတ်မွေးကြိုင်က ငရုတ်သီး၊ စမုန်စပါး၊ ဖာလာတို့ဖြစ်ပါတယ်။ ပါးစပ်ခြောက်တာ သက်သာစေချင်ရင် စမုန်စပါးနဲ့ ဖာလာတွေကို ဝါးစားလို့လည်းရပါတယ်။

သံပုရာ

သံပုရာသီးက သဘာဝအလျောက် အက်ဆစ်ဓာတ်ပါဝင်ပြီး ပါးစပ်သန့်စင်တဲ့အခါ၊ ခံတွင်းအနံ့ဆိုးတွေကို ကုသတဲ့အခါ ထိရောက်မှုရှိပါတယ်။ ဒါက တံတွေးထုတ်လုပ်အောင်လည်း စွမ်းဆောင်ပေးနိုင်ပါတယ်။ မနက်တိုင်း သံပုရာရည်တစ်ခွက်ကို သောက်သုံးပေးပါ။ သံပုရာရည်ထဲကို ပျားရည်တစ်ဇွန်းထည့်သောက်လို့လည်းရပါတယ်။

Ref: Try these 5 natural remedies to treat dry mouth
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top