လမျက်နှာပြင်ပေါ်မှ ပထမဆုံးသော လူသား ခြေရာများ

20160720-apollo11-module.jpg

ဇူလိုင်လ ၂ဝရက်နေ့သည် အာကာသသိပ္ပံပညာရပ်၏ ကြီးမားသောအောင်ပွဲခံ ခဲ့သော နေ့ရက်တစ်ရက်ဖြစ်သည်။ လွန်ခဲ့သော ၄၇နှစ်ရဲ့ ဇူလိုင်လ ၂ဝရက်နေ့တွင် အာကာသသိပ္ပံပညာရပ်၏ ကြီးမားသော အောင်မြင်မှုအဖြစ် လမျက်နှာပြင်ပေါ်သို့ ပထမဦးဆုံးအကြိမ်အဖြစ် လူသားတို့ ဆင်းသက်လေ့လာနိုင်ခဲ့သည်။ ၁၉၆၉ခု၊ ဇူလိုင်လ၊ ၁၆ရက်နေ့တွင် အပိုလို ၁၁ အာကာသယာဉ်ကို Kennedy Space Center မှ လကမ္ဘာသို့ လွှင့်တင်ခဲ့သည်။

အပိုလို ၁၁ အာကာသယာဉ်ကို Kennedy Space Center မှ လကမ္ဘာသို့ လွှင့်တင်ပုံ

ထိုအာကာသယာဉ်တွင် အမေရိကန်အာကာသယာဉ်မှူးများ ဖြစ်ကြသော နေးလ် အမ်းစထရောင်း (Neli Armstrong), ဘပ်ဇ် အယ်လ်ဒရင် (Buzz Aldrin) နှင့် မိုက်ကယ် ကောလင်းစ် (Michael Collins) တို့ လိုက်ပါခဲ့ကြသည်။

နေးလ် အမ်းစထရောင်း (Neli Armstrong), ဘပ်ဇ် အယ်လ်ဒရင် (Buzz Aldrin) နှင့် မိုက်ကယ် ကောလင်းစ် (Michael Collins)

ခရီးမိုင်ပေါင်း ၂၄၀,၀၀၀ ကို ၇၆နာရီကြာအောင် ခရီးဆက်ခဲ့ပြီးနောက် ဇူလိုင် ၁၉ရက်နေ့တွင် လပတ်လမ်းကြောင်းအတွင်းသို့ ရောက်ရှိခဲ့သည်။ ဇူလိုင် ၂ဝရက်နေ့ ၁:၄၆ PM တွင် နေးလ် အမ်းစထရောင်းနှင့် အယ်လ်ဒရင်သည် အာကာသယာဉ်ငယ် Eagle ဖြင့် ပင်မအာကာသယာဉ် အပိုလို၁၁မှ ထွက်ခွာကာ လမျက်နှာပြင်ပေါ်သို့ ခရီးဆက်ကြပြန်သည်။ ၄:၁၈ PM တွင် လမျက်နှာပြင်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်။ ၁၀:၃၉ PM တွင် အမ်းစထရောင်းသည် အာကာသယာဉ်ငယ်မှ လမျက်နှာပြင်ပေါ်သို့ ဆင်းသက်ကာ ပထမဦးဆုံးသော လူသားခြေရာကို ချန်ရစ်နိုင်ခဲ့သည်။ ၁၁:၁၁ PM တွင် အယ်လ်ဒရင် မှ ဆက်လက်ဆင်းသက်ခဲ့ပြီး ဒုတိယမြောက် လမျက်နှာပြင်ပေါ်သို့ ဆင်းသက်နိုင်ခဲ့သည့် သက်ရှိလူသားဖြစ်လာခဲ့သည်။

နေးလ် အမ်းစထရောင်း လမျက်နှာပြင်ပေါ်တွင် လှည့်လည်လေ့လာနေပုံ

Neli နေးလ် အမ်းစထရောင်း ၏ လမျက်နှာပြင်ပေါ်မှ ခြေရာ

ဇူလိုင် ၂၁ရက် ၁:၁၁ AM တွင် အာကာသယာဉ်မှူး နှစ်ဦးစလုံးသည် အာကာသယာဉ်ငယ်တွင်းသို့ ဝင်ရောက်ကာ လပေါ်တွင် တစ်ညတာအိပ်စက်ပြီးနောက် ၁:၅၄ PM တွင် ပင်မအာကာသယာဉ်ရှိရာသို့ ပြန်လည်မောင်းနှင်ခဲ့ကြသည်။ ၅:၃၅ PM တွင် ကောလင်းစ် ရှိရာ ပင်မအာကာသယာဉ်ဆီသို့ ပြန်ရောက်ခဲ့ပြီး ဇူလိုင် ၂၂ရက် ၁၂:၅၆ AM တွင် ကမ္ဘာမြေသို့ အိမ်ပြန်ခရီး ဆက်ခဲ့ကြသည်။ ဇူလိုင် ၂၄ရက် ၁၂:၅၁ PM တွင် ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ဆင်းသက်ကာ လကမ္ဘာသို့ ခြေဆန့်သောခရီးစဉ်မှာ အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

အာကာသယာဉ်မှူးများ လကမ္ဘာမှ ပစိဖိတ်သမုဒ္ဒရာသို့ ဆင်းသက်လာပုံ

Ref: history.com nasa.gov

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top