မန်ယူတောင်ပံကစားသမား လင်ဂတ်ထက် ဝက်ဖို့ဒ်ဂိုးသမားက ဂိုးပေါက်ပိုတည့်

yyl-007-2.jpg

မန်ယူအသင်းမှာ ပွဲထွက်ခွင့် ဆုံးရှုံးနေတဲ့ လင်ဂတ်အတွက် ရင်နာစရာမှတ်တမ်းတစ်ရပ် ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဝက်ဖို့ဒ်ဂိုးသမား ဘင်ဖော်စတာက လင်ဂတ်ထက် ဂိုးပေါက်ပိုတည့်ခဲ့တယ်ဆိုတာပါပဲ။ လင်ဂတ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးပေါက်ကို ၄ ကြိမ်ကန်ခဲ့ပေမဲ့ တစ်ကြိမ်မျှ ဂိုးပေါက်မတည့်ခဲ့ပါဘူး။

ဝက်ဖို့ဒ်ဂိုးသမား ဘင်ဖော်စတာကတော့ ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပွဲချိန်နောက်ဆုံးမိနစ်အရောက် ချေပဂိုးရဖို့ ရှေ့တက်ပြီး ခေါင်းတိုက်ခဲ့ပါတယ်။ ပြစ်ဒဏ်ဘောကတစ်ဆင့် ဘင်ဖော်စတာ ခေါင်းတိုက်ရာမှာ ဂိုးထဲ တန်းနေပေမဲ့ ချဲလ်ဆီးဂိုးသမား ကက်ပါ လက်စွမ်းပြ ပုတ်ထုတ်နိုင်ခဲ့လို့ ဝက်ဖို့ဒ် ဂိုးမရခဲ့တာပါ။ အဲဒါကြောင့် ဝက်ဖို့ဒ်ဂိုးသမား ဘင်ဖော်စတာက တစ်ကြိမ်ဂိုးပေါက်တည့်ခဲ့ပေမဲ့ လင်ဂတ်ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ တစ်ကြိမ်မျှ ဂိုးပေါက်မတည့်သေးပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top