အငြင်းပွားစရာမရှိတဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံထွက်ပေါ်လာဖို့ အန်သိုနီဂျိုရှုအာကို တိုင်ဆန်ဖျူရီ စိန်ခေါ်

60756070_2376981188999454_2625315475692716032_n.jpg

လာမယ့်နှစ်မှာ အငြင်းပွားစရာမရှိတဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဆုအတွက် သူနဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့ တိုင်ဆန်ဖျူရီက အန်သိုနီဂျိုရှုအာကို စိန်ခေါ်ခဲ့ပါတယ်။ တိုင်ဆန်ဖျူရီ၊ ဂျိုရှုအာနဲ့ အမေရိကန်နိုင်ငံသားပြိုင်ဘက် ဒီယွန်တေးဝှိုက်ဒါတို့ဟာ အမေရိကန်မှာ သာမန်ညောင်ည ပွဲစဉ်တွေအတွက် ပြင်ဆင်နေကြပါတယ်။ သူတို့ (၃) ယောက် ဘာလို့အပြန်အလှန် မထိုးကြတာလဲလို့ မေးမြန်းရာမှာ တိုင်ဆန်ဖျူရီက အခုလို ပြောခဲ့ပါတယ်။

”သူတို့ ကျွန်တော်နဲ့ ထိုးမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကိုနိုင်မယ်ဆိုတဲ့ ယုံကြည်မှုမရှိကြလို့ပါ။ ဝှိုက်ဒါတစ်ယောက်ပဲ ကျွန်တော်နဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်တော့်ကို လေးလံထိုင်းမှိုင်းနေတဲ့ဖက်တီးလို့ ထင်ခဲ့လို့ပါ။ ကျွန်တော်က အဝလွန်နေပြီး စိတ်ကျရောဂါကနေ နလန်ထူနိုင်တာသိပ်မကြာသေးပေမဲ့ ခပ်ကြမ်းကြမ်းအလဲထိုးတတ်တဲ့ လူကြမ်းကြီးကို ကြောက်နေမှာမဟုတ်ပါဘူး။ သူသာ ကျွန်တော့်နေရာမှာဆိုရင် ကျွန်တော့်ကို ထိုးမှာမဟုတ်ပါဘူး။ အခုဆိုရင် ကျွန်တော့်ပုံစံက ဂျိုရှုအာ မရှုစိမ့်တဲ့ပုံစံမျိုး ဖြစ်လာပါပြီ။ အခုဆိုရင် ဂျိုရှုအာက ကျွန်တော့်ရဲ့ နောက်ကြည့်မှန်ထဲ ရောက်သွားပါပြီ။ ဂျိုရှုအာကလည်း အကောင်းဆုံးပွဲ ထိုးသတ်ချင်တယ်ဆိုတဲ့စကားမျိုးတွေ ပြောတာကြားရပါတယ်။ သူ့စကားကို သက်သေပြဖို့ အချိန်တန်ပါပြီ”လို့ တိုင်ဆန်ဖျူရီက ဆိုပါတယ်။

တိုင်ဆန်ဖျူရီဟာ ဒါလျံဝှိုက်နဲ့ ထိုးသတ်ဖို့ WBC ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံလိုက်ပါတယ်။ WBC ဟာ ဟဲဗီးဝိတ်ချန်ပီယံ ဒီယွန်တေးဝှိုက်ဒါရဲ့ ပြိုင်ဘက်အဖြစ်ရွေးချယ်ဖို့ တိုင်ဆန်ဖျူရီကို ဒါလျံဝှိုက်နဲ့ ထိုးသတ်ခိုင်းခဲ့တာပါ။ အဲဒီပွဲစဉ်ကို စိန်ခါးပတ်ပေးမယ်ဆိုရင် ဒါလျံဝှိုက်ကို ထိုးသတ်မယ်လို့ တိုင်ဆန်ဖျူရီက တုံ့ပြန်ထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top