ဂျပန်နိုင်ငံမှာအောင်မြင်နေတဲ့ မြန်မာဘော်လီဘောလက်ရွေးစင် အောင်သူ

55455448_1301581573326919_8316462496571457536_n.jpg

အားကစားနဲ့ ပတ်သက်လာရင် အလေးပေးပျိုးထောင်မှုနည်းလှတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တကယ်တမ်း ထူးချွန်တဲ့ ပါရမီရှင်ကစားသမားတွေရှိနေပြီး တချို့သူတွေ စိတ်မဝင်စား၊ သတိမထားမိကြပါဘူး။ နိုင်ငံ့ဂုဏ်ဆောင် ကြက်တောင်ရိုက်အားကစားမယ်၊ စစ်တုရင်ချန်ပီယံ၊ လက်ဝှေ့ချန်ပီယံအပြင် နောက်ထပ် ဘောလီဘောချန်ပီယံတစ်ဦးလည်း ရှိနေပါသေးတယ်။ မြန်မာ့ရေမြေမှာ မွေးဖွားတဲ့ အင်းသားတစ်ယောက်က ဂျပန်ဘော်လီဘောကလပ်မှာ လက်စွမ်းထက်တဲ့ အသင်းသားတစ်ယောက် ဖြစ်နေပြီဆိုတာ သိတဲ့လူ နည်းနေပါသေးတယ်။

အောင်သူက မြန်မာ့လက်ရွေးစင်ဘော်လီဘောအသင်းမှာ ကနဦးပါဝင်ခဲ့ပြီး ၂၀၁၅ အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲမှာ ကြေးတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်
အာရှအမျိုးသား ယူ-၂၃ ဘော်လီဘော ချန်ပီယံရှစ်ယှဉ်ပြိုင်ချိန်မှာတော့ နိုင်ငံပေါင်း (၁၆) နိုင်ငံအနက် မြန်မာက နံပါတ် (၅) နေရာ ချိတ်ခဲ့ပါတယ်

အောင်သူက မြန်မာ့လက်ရွေးစင်ဘော်လီဘောအသင်းမှာ ကနဦးပါဝင်ခဲ့ပြီး ၂၀၁၅ အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲမှာ ကြေးတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၀၁၀၊ ၂၀၁၄ မှာ ကျင်းပခဲ့တဲ့ Asia Games တွေမှာလည်းပါဝင်ဆင်နွှဲခဲ့ပြီး အာရှအမျိုးသား ယူ-၂၃ ဘော်လီဘော ချန်ပီယံရှစ်ယှဉ်ပြိုင်ချိန်မှာတော့ နိုင်ငံပေါင်း (၁၆) နိုင်ငံအနက် မြန်မာက နံပါတ် (၅) နေရာ ချိတ်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဂျပန်နိုင်ငံ Mishima မြို့အအခြေစိုက် ဂျပန်အမျိုးသား ဘော်လီဘောအသင်း Toray Arrows မှာ ကစားနေပါတယ်

ဘော်လီဘောအားကစားမှာ ပိုတိုးတက်မှုကို လိုလားတဲ့ အောင်သူက ထိုင်းနိုင်ငံ Chonburi အခြေစိုက် အမျိုးသားဘော်လီဘောအသင်းမှာ ၂၀၁၂ ကနေ ၂၀၁၅ ထိ၊ Nakhon Ratchasima အသင်းမှာ ၂၀၁၅ ကနေ ၂၀၁၈ ထိ ကစားခဲ့ပြီး လက်ရှိမှာတော့ ဂျပန်နိုင်ငံ Mishima မြို့အအခြေစိုက် ဂျပန်အမျိုးသား ဘော်လီဘောအသင်း Toray Arrows မှာ ကစားနေပါတယ်။

ဆုပေါင်းများစွာကိုသိမ်းပိုက်ထားပြီး အသင်းအပေါ်အကျိုးပြုနိုင်လို့ ဂျပန်ကလပ်အသင်းရဲ့ အားထားခြင်းကိုခံနေရပါပြီ

လက်ရည်ကောင်းလွန်းလို့ first-line up ဝင်တဲ့ ကစားသမားဖြစ်နေသလို ဆုပေါင်းများစွာကိုသိမ်းပိုက်ထားပြီး အသင်းအပေါ်အကျိုးပြုနိုင်လို့ ဂျပန်ကလပ်အသင်းရဲ့ အားထားခြင်းကိုခံနေရပါပြီ။ အောင်သူက အသက် (၂၅) နှစ် ရှိပြီဖြစ်ပြီး အရပ်အမြင့်ကတော့ (၁၉၀) စင်တီမီတာ/ (၆.၂) ပေ ရှိပါတယ်။ ရှမ်းပြည်နယ်၊ အင်းလေးဒေသက သလဲဦးရွာသား အင်းဆားကူးတစ်ယောက်လည်း ဖြစ်ပါတယ်။

ရှမ်းပြည်နယ်၊ အင်းလေးဒေသ၊ သလဲဦးရွာက အင်းဆားကူးတစ်ယောက်လည်း ဖြစ်ပါတယ်

မြန်မာနိုင်ငံရဲ့ အဖိုးထိုက်တန်တဲ့လက်ရွေးစင်အားကစားသမားတစ်ဦးကို မြန်မာပရိသတ်တွေ မသိလိုက် မရှိရလေအောင် ရိုးရာလေးစာမျက်နှာကတဆင့် ဖော်ပြပေးလိုက်ပါတယ်။

Ref: Wikipedia, Naing Aung Thu’s Facebook
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top