မွေးနေ့လက်ဆောင်အဖြစ် ခန်းဝင်ပစ္စည်းတွေပေးဖို့ တောင်းဆိုခဲ့တဲ့ ၅ နှစ်သားရဲ့ ရည်ရွယ်ချက်

yyl-001-12.jpg

ကလေးငယ်အများစုက မွေးနေ့ဆိုရင် အမိုက်စားအရုပ်တွေကို လက်ဆောင်တောင်းကြမှာပါ။ (၅)နှစ်အရွယ် ကလေးငယ် တေလာဆလစ် တောင်းတဲ့ မွေးနေ့လက်ဆောင်ကတော့ ထူးထူးခြားခြားပါပဲ။ သူ့အတွက် စောင်၊ ခေါင်းအုံး၊ အိပ်ရာခင်း စတဲ့ ခန်းဝင်ပစ္စည်းတွေ ဝယ်ပေးကြဖို့ တေလာဆလစ်က တောင်းဆိုခဲ့ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ Sleep In Heavenly Peace(အေးငြိမ်းချမ်းသာ အိပ်စက်ရာ)ဆိုတဲ့ အဖွဲ့အစည်းကို လှူဒါန်းဖို့ပါ။ အဲဒီအဖွဲ့အစည်းက အကူအညီလိုအပ်နေတဲ့ ကလေးငယ်တွေအတွက် အိပ်ရာတွေ စုဆောင်းပေးအပ်တဲ့ အဖွဲ့ပါ။

တေလာဆလစ်ရဲ့ ၅ နှစ်မြောက် မွေးနေ့ကို ပြီးခဲ့တဲ့အောက်တိုဘာလက ကျင်းပခဲ့တာပါ။ သူ့အတွက် ခန်းဝင်ပစ္စည်းတွေ ဝယ်မပေးဘဲ အရုပ်တွေဝယ်ပေးရင် အဲဒီအရုပ်တွေနဲ့ ဆော့မှာမဟုတ်ဘူးလို့ တေလာဆလစ်က ပြောခဲ့ပါတယ်။ တေလာဆလစ်တို့ မိသားစုဟာ သူတို့ ဝတ်ပြုနေတဲ့ စိန့်ဂျိုးဆက်ကက်သလစ်ဘုရားကျောင်းကတစ်ဆင့် Sleep In Heavenly Peace အဖွဲ့အစည်းကို သိရှိခဲ့တာပါ။ တေလာဆလစ်က မွေ့ရာတွေ တည်ဆောက်ရာမှာ ပါဝင်ကူညီပေးချင်ပေမဲ့ အသက်အရမ်းငယ်နေသေးလို့ ပါဝင်ကူညီခွင့် မရခဲ့ပါဘူး။

အဲဒီအတွက် တေလာဆလစ်က သူ တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီခဲ့တာပါ။ တေလာဆလစ်ဟာ ၅ နှစ်ပြည့် မွေးနေ့နောက်ပိုင်း Sleep In Heavenly Peace အဖွဲ့ကို ခန်းဝင်ပစ္စည်း ၁၂၅ ခု လှူဒါန်းခဲ့ပါတယ်။ ဆလစ်မိသားစုရဲ့ မျိုးဆက်လေးဆက်ဟာ(တေလာဆလစ်ရဲ့ အဘီ(အဘွား၏ အမေ)ပြီးခဲ့တဲ့အောက်တိုဘာလက မိသားစုစီမံကိန်းအဖြစ် Sleep In Heavenly Peace အဖွဲ့အတွက် မွေ့ရာတွေ တည်ဆောက်ပေးခဲ့ပါတယ်။ Sleep In Heavenly Peace အဖွဲ့ဟာ နိုင်ငံ(၃)နိုင်ငံ၊ ပြည်နယ်(၄၄)ခုမှာ အဖွဲ့ခွဲ ၁၈၃ ဖွဲ့ရှိပြီး အသက် ၃ နှစ်ကနေ ၁၇ နှစ်ကြားအရွယ်ရှိတဲ့ အကူအညီလိုအပ်နေသူတွေကို အိပ်ရာတွေ ပံ့ပိုးပေးလျက်ရှိပါတယ်။

Ref: BBC”A five-year-old boy asked for bedding on his birthday and donated it to kids in need”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top