Nastyukhin ဒူးဒဏ်ရာကြောင့်နုတ်ထွက်ရပြီး Grand Prix တွင် Folayang နှင့် Alvarez တို့ယှဉ်ပြိုင်သွားမည်

1560153911_dawnofheroes-1.jpg

ရုရှားအားကစားသမား Timofey Nastyukhin သည် ပြိုင်ပွဲနီးကပ်လာချိန်တွင် ဒဏ်ရာရရှိခဲ့ပြီးနောက် ONE: Dawn Of Heroes ပြိုင်ပွဲမှ နုတ်ထွက်လိုက် ရပြီး အဆိုပါ ONE Championship လိုက်ဝိတ် ကမ္ဘာ့ဂရင်းပရီတွဲဆိုင်းကို ဖိလစ်ပိုင်မှ Eduard “Landslide” Folayang နှင့် အမေရိကန်ကိုယ်စားပြု Eddie “The Underground King” Alvarez တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ဇန်နဝါရီလတွင်ကျင်းပပြုလုပ်ခဲ့သည့် ONE: Hero’s Ascent ပြိုင်ပွဲတွင် လိုက်ဝိတ်တန်း ကမ္ဘာ့ဂရင်းပရီ ကွာတားဖိုင်နယ်ပြိုင်ပွဲ၌ Honorio Banario ကို Lowen Tynanes က အနိုင်ရရှိခဲ့သည်။ သို့သော် Tynanes သည် ဒဏ်ရာကြောင့် အကြိုဗိုလ်လုပွဲကို ဆက်လက်မယှဉ်ပြိုင်နိုင်ပဲ ပြိုင်ပွဲမှနုတ်ထွက်ခဲ့ရ သဖြင့် Folayang နှင့်အစားထိုးခဲ့ရသည်။

ရုရှအားကစားသမား Timofey Nastyukhin သည် ONE: DAWN OF HEROES ပြိုင်ပွဲတွင် လိုက်ဝိတ်တန်း ကမ္ဘာ့ဂရင်းပရီ အကြိုဗိုလ်လုပွဲစဉ်ကို ၎င်း၏ ဆိုးရွားသည့်ဒူးဒဏ်ရာကြောင့် လွဲချော်ခဲ့ရခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ONE လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံသုံးထပ်ကွမ်းဖြစ်ခဲ့ဖူးသူနှင့် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစား လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံ လေးထပ် ကွမ်းအားကစားသမားတို့သည် လာမည့်သြဂုတ်လ (၂) ရက်၊ သောကြာနေ့၌ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။

မနီလာမြို့ရှိ Mall Of Asia Arena တွင် မည်သူအနိုင်ရရှိသည်ဖြစ်စေ၊ အနိုင်ရရှိသူသည် လာမည့်အောက်တိုဘာလ (၁၃) ရက်၊ တနင်္ဂနွေနေ့၌ကျင်းပမည့် ONE: CENTURY ပြိုင်ပွဲကြီးတွင် ကမ္ဘာ့ဂရင်းပရီဗိုလ်လုပွဲအဖြစ် တူရကီကစားသမား Saygid “Dagi” Guseyn Arslanaliev နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ONE: DAWN OF HEROES ပြိုင်ပွဲကြီးတွင် ONE ဖယ်သာဝိတ်တန်း ကမ္ဘာ့ဂရင်းပရီ အကြိုဗိုလ်လုပွဲစဉ်အဖြစ် အမေရိကန်ကိုယ်စားပြုယှဉ်ပြိုင်သည့် Demetrious “Mighty Mouse” Johnson သည် ဂျပန်အားကစားသမား Tatsumitsu “The Sweeper” Wada နှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့အပြင် ဖိလစ်ပိုင်အားကစားသမား Danny “The King” Kingad သည် သြစတေးလျအားကစားသမား Reece “Lightning” McLaren နှင့် ရင်ဆိုင်ယှဉ်ပြိုင်မည် ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် အဓိကတွဲဆိုင်းမှာ ကမ္ဘာ့ချန်ပီယံခါးပတ်စိန်ခေါ်ပွဲ (၂) ပွဲဖြစ်ပြီး နာမည်ကျော်ထိုင်းအားကစားသမား Rodtang “The Iron Man” Jitmuangnon သည် ONE Championship ဖယ်သာဝိတ်တန်းမွေထိုင်းကမ္ဘာ့ချန်ပီယံ အင်္ဂလန်မှ “The General” Haggerty ကို စိန်ခေါ်ထိုးသတ်မည် ဖြစ်သည်။ နောက်ထပ်ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲမှာ ONE Championship ဖယ်သာဝိတ်တန်းကမ္ဘာ့ချန်ပီယံ Martin “The Situ-Asian” Nguyen သည် ၎င်း၏ခါးပတ်ကိုကာကွယ်ရန်အတွက် စိန်ခေါ်သူဂျပန်အားကစားသမား Koyomi “Moushigo” Matsushimaနှင့် ထိုးသတ်သွားမည်ဖြစ်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top