ကိုလံဘီယာနိုင်ငံမှာ လောင်စာဆီကား ပေါက်ကွဲလို့ လူ ၇ ယောက် သေဆုံး

7-7-2020-yyl-002.jpg

ကိုလံဘီယာနိုင်ငံမှာ လောင်စာဆီကားတစ်စီး တိမ်းမှောက်၊ ပေါက်ကွဲခဲ့လို့ အနည်းဆုံး လူ ၇ ယောက် သေဆုံးခဲ့ပါတယ်။ ဇူလိုင်လ ၆ ရက်က ကိုလံဘီယာနိုင်ငံမြောက်ပိုင်း၊ ကာရေဘီယံကမ်းရိုးတန်းပေါ်မှာရှိတဲ့ ပူဘလိုဗိုင်အီလိုမြို့နားက လမ်းပေါ်မှာ မတော်တဆမှုဖြစ်ပွားခဲ့တာပါ။ လောင်စာဆီကား တိမ်းမှောက်ချိန်မှာ လောင်စာဆီခပ်ဖို့ လူတွေ စုရုံးရောက်ရှိလာတုန်း ကားမီးလောင်ပေါက်ကွဲခဲ့တာပါ။

ဒီဖြစ်ရပ်မှာ ဒဏ်ရာရသူ ၄၀ ကျော်ရှိခဲ့ပြီး တချို့သူတွေက လောင်ကျွမ်းဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့လို့ သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာမလားဆိုတာ စိုးရိမ်ပူပန်နေကြပါတယ်။ လောင်စာဆီကားနားကိုသွားရင် အန္တရာယ် ဖြစ်စေနိုင်တယ်လို့ ရဲတပ်ဖွဲ့က သတိပေးခဲ့ပေမဲ့ တချို့သူတွေက သတိပေးချက်ကို လျစ်လျူရှုခဲ့ကြတယ်လို့ ဒေသခံအရာရှိတွေက ပြောပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top