Cleaning Challenge အနေနဲ့ တစ်လလုံး နေ့တိုင်း အမှိုက်ကောက်ခဲ့တဲ့ မိန်းကလေး

8-5-2020-yyl-001.jpg

နယူးဂျာစီပြည်နယ်က အန်ဂျယ်လီကာ ပတ်ကွာလီ ဆိုတဲ့ မိန်းကလေးဟာ လမ်းလျှောက်တဲ့အခါ၊ ပြေးတဲ့အခါမျိုးမှာ လမ်းတစ်လျှောက်မှာ တွေ့ရတဲ့အမှိုက်သရိုက်တွေကို ကောက်ရတာ နှစ်သက်တဲ့သူတစ်ယောက်ပါ။ သူက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူတစ်ယောက်လည်းဖြစ်ပါတယ်။ သူက ကမ္ဘာတစ်ဝှမ်းမှာ Quarantine လုပ်ဆောင်နေကြတာကြောင့် သူ့ရဲ့အားလပ်ချိန်မှ ထူးခြားတာတစ်ခုလုပ်ချင်ခဲ့ပါတယ်။ သူက ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်တဲ့အတွက် တစ်လလုံး နေ့တိုင်း အမှိုက်ကောက်ဖို့ အစီအစဉ်ဆွဲခဲ့ပါတယ်။

အရင်ဆုံး သူက နေ့တိုင်း လမ်းလျှောက်ရင်းနဲ့ စတင်ခဲ့ပါတယ်။ တစ်နေ့တာ လမ်းလျှောက်ရင်းနဲ့ အမှိုက်ကောက်ဖို့အတွက် သူက လက်အိတ်ဝတ်ပြီး အိတ်တစ်အိတ် သယ်ဆောင်လာခဲ့တာပါ။ သူက နယူးဂျာစီပြည်နယ်ရဲ့ မြို့ငယ်လေးမှာ နေတဲ့အတွက် ပထမဆုံးနေ့မှာ အိတ်အပြည့်နဲ့ ပြန်လာရမယ်လို့ သူ မမျှော်လင့်ခဲ့ပါဘူး။ (၃) ရက်မြောက်နေ့မှာ သူ့အိမ်အနီးနားက လမ်းတွေကို ရှင်းလင်းပြီးတဲ့နောက်မှာ မြို့ရဲ့လူသွားလူလာများတဲ့နေရာတွေဆီ သွားခဲ့ပါတယ်။ အဲဒီနေရာရဲ့ ရေကန်ထဲမှာ စီးကရက် (၂၅၀) ကျော်လောက် ကောက်ယူခဲ့ရပါတယ်။

နောက်နေ့တွေမှာ သူက ပိုခက်ခဲတဲ့နေရာတွေမှာ အမှိုက်တွေ သွားကောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနေရာတွေမှာရှိတဲ့ လမ်းတွေက အမှိုက်တွေကို အိတ်ကြီး (၉) အိတ်နဲ့ ပုံမှန်အရွယ်အစားအိတ်များစွာယူပြီး ထည့်ခဲ့ရတဲ့အတွက် အဲဒီနေရာတွေရှင်းလင်းဖို့အတွက် ရက်တော်တော်ကြာကြာအချိန်ယူခဲ့ရပါတယ်။ ဒါပေမဲ့ သူက အဲဒီနေရာ ရှင်းလင်းသွားတာမြင်ရတာကိုပဲ သူက စိတ်ကျေနပ်နေခဲ့တာပါ။ လူတွေကို သန့်ရှင်းသွားတဲ့နေရာတွေနဲ့ အမှိုက်သရိုက်ရှိနေတဲ့နေရာတွေမှာ အမှိုက်မချဖို့ အန်ဂျယ်လီကာက မျှော်လင့်ထားပါတယ်။ သူက တစ်လလုံး သူ့သူငယ်ချင်းတွေဆီကနေလည်း အကူအညီရခဲ့ပါတယ်။ သူက လူတွေကို သတိပေးချင်တဲ့အတွက် ဆိုင်းဘုတ်တွေပြုလုပ်ချင်ခဲ့ပါတယ်။ အမှိုက်သရိုက်တွေက ဆိုးရွားတဲ့ပြဿနာပါပဲ။ အမှိုက်သရိုက်တွေက သူတို့ရဲ့ရေစနစ်ထဲ ရောက်ရှိသွားတဲ့အခါမှာ တောရိုင်းတိရစ္ဆာန်တွေကို အန္တရာယ်ဖြစ်စေရုံသာမက လူသားတွေရဲ့ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်တဲ့အတွက်ဖြစ်ပါတယ်။

မကြာသေးခင်ကမှ အန်ဂျယ်လီကာဟာ Eco Pageကို တည်ထောင်ခဲ့တာပါ။ သူက ဒီအစီအစဉ်မှာ ပါဝင်ချင်တဲ့သူတွေ၊ ပံ့ပိုးချင်တဲ့သူတွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။ သူက ကမ္ဘာကြီးကို နည်းနည်းရှင်းလင်းသွားအောင် ကူညီပေးကြတဲ့လူတိုင်းကိုလည်း ကျေးဇူးတင်ထားပါတယ်။ အမှိုက်သရိုက်တွေကို လျော့ချဖို့ အကောင်းဆုံးနည်းက စွန့်ပစ်ပစ္စည်းနည်းအောင် ဖန်တီးဖို့ပါပဲ။ တစ်ခါသုံးပလတ်စတစ်အိတ်တွေကို ရှောင်ရှားခြင်းကလည်း သိသိသာသာပြောင်းလဲသွားစေနိုင်ပါတယ်။ အန်ဂျယ်လီကာက သူ့လုပ်ဆောင်ချက်တွေကို အခြားသူတွေအတုယူစေနိုင်ဖို့ မျှော်လင့်နေပါတယ်။

Ref: I Went Out To Pick Up Trash Each Day For A Month As My Spring Cleaning Challenge

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top