ရွှေ့ဆိုင်းထားခဲ့ရတဲ့ BTS ရဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲ “Map Of The Soul”ကို တရားဝင်ဖျက်သိမ်း

11-8-2021-yyl33.jpg

ကမ္ဘာကျော်ကိုရီးယားအဆိုအဖွဲ့ BTS ဟာ သူတို့ရဲ့ကမ္ဘာလှည့်ဖျော်ဖြေပွဲဖြစ်တဲ့ “Map of the Soul” ကို ရွှေ့ဆိုင်းထားကြောင်း ကြေညာပြီးတဲ့ (၁) နှစ်ကျော်အကြာမှာတော့ ဒီကမ္ဘာလှည့်ဖျော်ဖြေပွဲကို မကျင်းပတော့ဘဲ တရားဝင်ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။

BTS ရဲ့ “Map of the Soul” ကမ္ဘာလှည့်ဖျော်ဖြေပွဲကို အစက ၂၀၂၀ခုနှစ် ဧပြီလမှာ ကျင်းပဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ COVID-19 ကပ်ရောဂါကြောင့် ဖျော်ဖြေပွဲတစ်ခုလုံးကို ကျင်းပဖို့ ရွှေ့ဆိုင်းထားခဲ့ရပါတယ်။ Big Hit Music က ကမ္ဘာလှည့်ဖျော်‌ဖြေပွဲကို ကျင်းပဖို့အတွက် ရက်ပြန်လည်သတ်မှတ်ဖို့ စီစဉ်ခဲ့ပေမဲ့ မခန့်မှန်းနိုင်တဲ့ သဘာဝဘေး အခြေအနေတွေကြောင့် ကျင်းပမယ့်ရက်ကိုတော့ မပြောနိုင်သေးဘူးလို့ ပြီးခဲ့တဲ့နှစ် ဧပြီလက ကြေညာခဲ့ပါတယ်။

၂၀၂၁ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့မှာတော့ BTS ရဲ့ကမ္ဘာလှည့်ဖျော်ဖြေပွဲကို တရားဝင်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း Big Hit Music က ကြေညာခဲ့ပါတယ်။ ကြေညာချက်အပြည့်စုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

” ကျွန်တော်တို့ BIGHIT MUSIC က “BTS MAP OF THE SOUL TOUR” နဲ့ ပတ်သက်ပြီး အသိပေးချင်ပါတယ်။ ကျွန်တော်တို့ကုမ္ပဏီက ပရိသတ်တွေအားလုံး ဒီဖျော်ဖြေပွဲကို အချိန်အကြာကြီး မျှော်လင့်စောင့်ဆိုင်းနေခဲ့ရတယ်ဆိုတာ သိတဲ့အတွက် BTS MAP OF THE SOUL TOUR ပြန်ပြီး ကျင်းပဖို့ ပြင်ဆင်မှုတွေ ကြိုးစားပြီးလုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်နေတာထက်ကျော်ပြီး အခြေအနေအချိန်အခါတွေက ပြောင်းလဲနေတာကြောင့် အရင်တုန်းက စီစဉ်ထားသလိုမျိုး ဖျော်ဖြေပွဲကို ပြန်ကျင်းပဖို့ အခက်အခဲဖြစ်လာပါတယ်။ ဒါကြောင့် BTS MAP OF THE SOUL TOUR ကို မကျင်းပတော့ဘဲ ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကျွန်တော်တို့ ကြေညာရပါမယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ ဆိုးလ်မြို့က ဖျော်ဖြေပွဲတွေကိုလည်း ဖျက်သိမ်းခဲ့ရတယ်။ အဲဒီနောက် မတ်လမှာ မြောက်အမေရိကဖျော်ဖြေပွဲကိုလည်း ရွှေ့ဆိုင်းရတယ်။ ဉရောပနဲ့ဂျပန်က ပွဲကျင်းပမယ့်ရက်တွေကိုလည်း အဲဒီဒေသမှာ လက်မှတ်မရောင်းချခင်ကြိုပြီး ရွှေ့ဆိုင်းလိုက်ရတယ်။ အခု ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ဖျက်သိမ်းတယ်လို့ ပရိသတ်တွေကို အသိပေးရတာ ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရပါတယ်။ မြောက်အမေရိကဖျော်ဖြေပွဲအတွက် လက်မှတ်ဝယ်ယူထားကြတဲ့ ပရိသတ်တွေအတွက် ငွေပြန်အမ်းပေးဖို့အတွက် သင် ဝယ်ယူထားတဲ့နေရာကနေ Email လက်ခံရရှိမှာဖြစ်ပါတယ်။

BTS MAP OF THE SOUL ကမ္ဘာလှည့်ဖျော်ဖြေပွဲကို စောင့်ဆိုင်းနေကြတဲ့ ပရိသတ်တွေအားလုံးကို ကျွန်တော်တို့ ထပ်ပြီးတော့ တောင်းပန်ပါရစေ။ ပရိသတ်တွေရဲ့မျှော်မှန်းချက်တွေကိုဖြည့်ဆည်းပေးနိုင်မယ့် ဖျော်ဖြေပွဲနဲ့ အစီအစဉ်တွေကို ပြင်ဆင်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ တက်နိုင်သမျှမြန်မြန် အသိပေးသွားပါမယ်”

Ref: Soompi “BTS Officially Cancels Their Postponed “Map Of The Soul” World Tour”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top