အိမ်မှာနေစဥ်ကာလ (quarantine) အတွင်း ပြုလုပ်နိုင်တဲ့ အရာ (၇) ခု

19-5-2020-yyl-001.jpg

၂၀၁၉ ဒီဇင်ဘာလကုန်လောက်ကတည်းက တရုတ်နိုင်ငံ၊ ဝူဟန်မြို့၌ စတင်တွေ့ရှိခဲ့တဲ့ covid-19 ဟာ ကမ္ဘာ့နိုင်ငံအများအပြားသို့ တစ်ဟုန်ထိုး ရောဂါပျံ့နှံ့ခဲ့လို့ ကမ္ဘာ့ကျန်း မာရေးအဖွဲ့က မတ်လ (၁၁) ရက်နေ့ ၂၀၂၀ ခုနှစ်မှာ ကမ္ဘာ့ကပ်ရောဂါဆိုးအဖြစ် တရား၀င်ကြေငြာချက် ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင်လည်း ကမ္ဘာနဲ့အ၀ှမ်း ကူးစက်မှု ဆက်လက်တိုးမြှင့်ဆဲဖြစ်ပြီး လူပေါင်း (၃)သိန်းကျော် အသက်ဆုံးရှုံးခဲ့ပြီး သန်းနဲ့ ချီ ကူးစက်ခံနေရလျက်ရှိသည်။ ဤအခြေအနေများကြောင့် နေရာအနှံ့ နိုင်ငံအား လုံးနီးပါးတွင် ရောဂါကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် အိမ်များ၌ နေထိုင်ကြဖို့ နဲ့ အလုပ်များကိုလည်း အတတ်နိုင်ဆုံး အိမ်ကနေလုပ်ကိုင်ကြဖို့ သက်ဆိုင်ရာက တိုက်တွန်းထားသည်။

ထို့ကြောင့် ဒီလို ရောဂါကပ်ဖြစ်နေစဥ်ကာလအတွင်းအိမ်များ၌ နေထိုင်ကြသည့် အချိန်ကြာမြင့်လာသည် နဲ့ အမျှ ငြီးငွေ့လာကြသည်။ ဒါ့အပြင် ဒီလို နေထိုင်မှု စနစ်အောက်တွင် လူအချို့အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ ထိခိုက်နိုင်ပြီး ချို့ယွင်းအားနည်းမှုလည်းရှိနေနိုင်သည်။ အရေးပေါ်အခြေအနေများ မှအပ အပြင်ကို လွတ်လပ်စွာထွက်ဖို့ မဖြစ်နိုင်သေးသည့်အချိန်ဖြစ်သည်။ အိမ်မှာ နေထိုင်စဥ် အတွင်း မိမိလုပ်နေကျ အလုပ်များကိုလည်း ငြီးငွေ့လာနိုင်သေးသည်။ လက်ရှိတွင်လည်း အခြေအနေ များ တည်ငြိမ်မှု စိတ်ချရလောက်သည်အထိ မဖြစ်သေးသည်ကိုလည်း တွေ့နိုင်သည်။ ထို့အတွက်ကြောင့် အိမ်မှာနေ သည့်ကာလ အတွင်း သင့်အနေနဲ့ အကျိုးရှိရှိ ဖြတ်သန်း နိုင်ဖို့အတွက် အချက် (၇) ချက်ကိုမျှ​ဝေပေးလိုက်ပါသည်။

(၁)။ Yoga ကျင့်ပါ၊ ခန္ဓာကိုယ်ကြွက်သားများကို ဆွဲဆန့်ပါ။

ဤကာလဟာ ပုံမှန်မဟုတ်တဲ့အတွက် စိတ်ဖိစီးမှု ပိုမို များလာနိုင်သည်။ အိမ်မှာပဲ နေပြီး မိမိ ရဲ့ အခန်းတွင်းမှာပဲ ကျဥ်းကျုတ် ကန့်သတ်ထားမှု ကြောင့် အလွန်အခက် အခဲဖြစ်နိုင်သည်။ ဒါကြောင့် Yoga ကျင့် ပါက သင့်အတွက် ကောင်းကျိုးများ ကိုရရှိစေနိုင်ပြီး သင့်အတွက် စိတ်ဖိစီးမှုများ လျှော့ချနိုင်ခြင်း၊ စိုးရိမ်ကြောင့်ကြမှုကို ဖြေလျှော့နိုင်ခြင်း၊ အိပ်ရေး၀၀ အိပ်စက်နိုင်ခြင်း အပြင် အားအင်များကို လည်း တိုးပွားစေနိုင်သည်။ သင့်အတွက် Yoga ကျင့်နိုင်ဖို့ အောက်ပါ အွန်လိုင်း ဆိုဒ်များတွင် သွားရောက် ကြည့်ရှုပြီး ပါ၀င်လုပ်ဆောင်နိုင်သည်။

Do Yoga With Me
CrossFlow Yoga App
Fightmaster Yoga
Yoga With Adriene

(၂)။ အိမ်မှ အလုပ်လုပ်ဖို့ အတွက် သေသပ်ပြီး သပ်ရပ်တဲ့ အလုပ်ဧရိယာ များရှိရန်လိုအပ်။

အလုပ်အကိုင် ကောင်းမွန်စွာနဲ့ ထိရောက်စွာ လုပ်ကိုင်နိုင်ဖို့ သန့်ရှင်းပြီး သေသပ်စွာရှိတဲ့ အလုပ်ဧရိယာ (သို့) နေရာ ရှိဖို့ အလွန်အရေးကြီးသည်။ တကယ်တော့ ရှုပ်ပွနေတဲ့ အလုပ်နေရာကြောင့် အလုပ်လုပ်ရာတွင်လည်း စိတ်ဖိစီးမှု တက်စေနိုင်သည်။ ဒါ့ကြောင့် အလုပ်လုပ်မလုပ်ခင်တစ်နေ့ မိမိတို့ လုပ်ကိုင်တဲ့ နေရာ ပတ်၀န်းကျင် ကိုသန့်ရှင်းထားဖို့ လိုသည်။ ဥပမာ အမှိုက်များရှင်းခြင်း၊ မလိုအပ်တဲ့ အရာ၀တ္တုများကို စွန့်ပစ်ခြင်းတို့ ပြုလုပ်ပါ။ ထိုသို့ ပြုလုပ်ခြင်းကြောင့်

ယုံကြည်မှု ပိုမိုတိုးပွားလာခြင်း
ပိုမို အကျိုးဖြစ်မြောက်အောင် စွမ်းဆောင်နိုင်ခြင်း
အချိန်ကို အကျိုးရှိစွာ အသုံးချလာနိုင်ခြင်း
အလုပ်အပေါ် ပိုမို အာရုံစိုက်ထားနိုင်ခြင်း စသည့်အကျိုးကျေးဇူး များရရှိနိုင် ပါသည်။

(၃)။ နေ့စဥ်အနည်းဆုံး အသိမိတ်ဆွေ (၂) ဦးဖြင့် ဆက်သွယ်ပါ။ ပြီးလျင်အ လှည့်ပြောင်း ပါ။

သုတေသနစာတမ်းတွေအရ လူမှုအသိုင်းအဝိုင်းနဲ့ ထိတွေ့ဆက်ဆံခြင်းသည် လူတို့ရဲ့ ကျန်းမာရေးနဲ့ လူနေမှုဘဝကို တစ်နည်းတစ်ဖုံ မြှင့်တင်ပေးနိုင်သည်။ သို့သော်လည်း ထိတွေ့မှုများ ပါက စိတ်ညစ်စေနိုင်သည်။ အထူးသဖြင့် အနေအေးပြီး တစ်ယောက်တည်းနေရတာ ကြိုက်သူများအတွက် အဆင်မပြေမှုများဖြစ်နိုင်သည်။ ထို့ကြောင့် နေ့စဉ် သတ်မှတ်နှုန်းထားပြီး ထိတွေ့ဆက်ဆံဖို့ အရေးကြီးသည်။ ဤကာလအတွင်း လူများသည် မိမိတို့ရဲ့ မိသားစု၊ ဆွေမျိုးရင်းချာများ၊ မိတ်ဆွေများနဲ့ ဝေးကွာနေကြသည်။ လူအချင်းချင်း ပူးကပ်စွာ နေထိုင်ခွင့်မရပေမယ့် အွန်လိုင်းပေါ်ကနေ မိမိတို့ အသိမိတ်ဆွေများကို ချိတ်ဆက်နိုင်သည်။ ထိတွေ့ချိတ််ဆက်မှုသည် ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အတွက်လွန်စွာ အရေးကြီးသည်။ ထိုသို့ချိတ်ဆက်နိုင်ဖို့အတွက် အောက်ပါအွန်လိုင်း ဝန်ဆောင်မှုများကို အသုံးပြုနိုင်သည်။

Google Duo
House Party
Face Time (for IOS)
Skype
Facebook Messenger
Discord (for gamers)

(၄)။ စားသောက်ဆိုင်များ၌ လျှော့စျေးများရောင်းမရောင်း စုံစမ်းပါ။

နိုင်ငံအတော်များများတွင် အစားအသောက် သယ်ယူပို့ဆောင်ပေးတဲ့ ၀န်ဆောင်မှုများ တွင်ကျယ်လျက်ရှိသည်။ လက်ရှိကာလတွင် လူအများ အပြင်ထွက်မှု နည်းပါးမှုကြောင့် အစားအစာ သယ်ယူပို့ဆောင်ပေးတဲ့ ၀န်ဆောင်မှုများ အလွန် အရောင်းသွယ် လျက်ရှိ သည်။ မိမိတို့နေထိုင်ရာ နိုင်ငံအလိုက် ထို၀န်ဆောင်မှုများကို ချိတ်ဆက် ပြီး ယခုကာလအတွင်း လျှော့စျေးများ ပေးမပေး ဆက်သွယ်စုံစမ်းနိုင်ပါသည်။ အခွင့်အရေးက ဖြစ်နေတဲ့ ကာလအလိုက် ရရှိနိုင်တယ်ဆိုတာ မမေ့သင့်ပါ။

(၅)။ စာရေးပါ။

အဖြစ်အပျက်တွေက အခြေအနေတွေအလိုက် များစွာ ဖြစ်ပျက်နေသည်ကိုတော့ ငြင်းပယ်မရ။ သင့်အတွက်လည်းအထူးအဆန်းဖြစ်နေနိုင်သည်။ ဒါကြောင့် သင့်အနေနဲ့ စိတ်ပါ၀င်စားပါကလည်း အကျိုးရှိနိုင်သည်။ သင့်အနေနဲ့ ယခုဖြစ်ပျက်နေသည့် အကြောင်းအရာများ ဥပမာ၊ ၀မ်းနည်းပူဆွေးမှု၊ စိုးရိမ်ကြောင့်ကြမှု၊ စသည့် စိတ်ခံစားမှုများအကြောင်း ကို တွေးတောစဥ်းစားပြီး ဆက်စပ် ရေးသားနိုင်သည်။ ဒါ့အပြင် သင့်အနေနဲ့ ယခုနှစ်ကာလအတွင်း အပေါင်းလက္ခဏာဆောင်တဲ့ အဖြစ်အ ပျက်များ၊ ပြီးမြောက်အောင်မြင်မှုများ၊ ပန်းတိုင်သို့ အထိုက်အ လျောက်ရောက်ရှိမှုများ၊ အနာဂတ်အတွက် ပန်းတိုင်ကိုဘယ်လို ရှေ့ဆက်လိုသည့် အချက်များ စသည့်အကြောင်း အရာများကို တွေးတောရေး သားနိုင်သည်။ အင်္ဂလိပ်ဘာသာများဖြင့် စိတ်၀င်စားပါက အောက်ပါ ဂျာနယ်များကိုလည်း ဖတ်ရှုပြီး မှီငြမ်းကိုးကားနိုင်သည်။

Instant Happy Journal
Worry In, Wisdom Out Reflection Journal
Start Where You Are Journal
The Five minutes Journal

(၆)။ စနေနေ့များမှာ အွန်လိုင်းမှ ဖန်သားပြင် ပြတိုက်များနဲ့ အပန်းဖြေဥယျာဥ် များကို ကြည့်ရှုလေ့လာပါ။

သင့်အနေနဲ့ အိမ်ပြင်ထွက်ခွင့်မရသေးပဲ အွန်လိုင်းက တွေ့မြင်နေတဲ့ဓာတ်ပုံ၊ ဗီဒီယိုများကြောင့် အိမ်ပြင်ထွက်လိုသည့် စိတ်ဆန္ဒပြင်းပြမှုကို ထိန်းချုပ်ဖို့ခက်ခဲမှာ အမှန်ပါပဲ။ ဒါကြောင့် မည်သို့ပဲ အိမ်ထဲ၌ နေသည့်ကာလဖြစ်ပါစေ ဖန်သားပြင် ကနေ ကြည့်ရှုလို့ရတဲ့ ပြတိုက်များ နဲ့ အပန်းဖြေဥယျာဥ်များကို လေ့လာနိုင်ပါသည်။ ကွန်ပြူတာကနေ ကြည့်ရှုနိုင်တဲ့ ဖန်သားပြင် ပြတိုက်စနစ်ပုံစံလို The Met ဆိုဒ်မှာလည်း ပြတိုက်များရှိ အရာ၀တ္တုများကို ကြည့်ရှုလေ့လာနိုင်သည်။ ဒါ့အပြင် အွန်လိုင်းကနေ တစ်ဆင့် Disney World တို့ဆီ လက်တွေ့ သွားရောက် လေ့လာလည်ပတ်နိုင်သည့် ပုံစံ ခံစားမှုမျိုးကိုရရှိစေမှာဖြစ်ပါသည်။

(၇) တနင်္ဂနွေနေ့တိုင်းမှာ တရားထိုင်းခြင်း၊ တရားနားထောင်ခြင်း လုပ်ဆောင်ပါ။

မိမိတို့ ကိုးကွယ်ယုံကြည်မှုအလိုက် မူတည်ပြီး ဤနေ့မျိုးမှာ ဘုရားတရား ပိုင်းကို ဦးတည်လုပ်ဆောင်သင့်သည်။ သင့်အနေနဲ့ အခြားသော ကိစ္စများရှိရင်လည်း အချိန်ပေးပြီး အားတဲ့အခိုက် လုပ်ဆောင်သင့်ပါသည်။ ဒီလိုလုပ်ဆောင်ခြင်းကြောင့် ယုံကြည်မှုများ ပိုမိုခိုင်မာလာပြီး စိတ်ချမ်းသာယာမှုရစေနိုင်သည်။ တရားထိုင်ခြင်း သည်လည်း စိတ်ဖိစီးမှု လျှော့ချတဲ့ နည်းတစ်မျိုးဖြစ်သည်။ ထို့အတွက်ကြောင့် မိမိတို့အတွက် စိုးရိမ်မှုများလျှော့ချနိုင်ခြင်း၊ စိတ်ကျန်းမာရေးအတွက် အထောက် အကူပြုခြင်း၊ မိမိကိုယ် ကိုသိရှိနား လည်လာခြင်း နဲ့ သနားကြင်နာမှုများပိုမို နိုးကြား လာစေနိုင်ပါသည်။

အိမ်မှာနေခြင်းဖြင့် လူမှုပတ်၀န်းကျင်ကို သင်ကယ်တင်နေသည်။

တကယ်တော့ သင့်အနေနဲ့ အိမ်မှာ နေရသည်ကို ပျင်းလှပြီဟု တွေးနေနိုင်သည်။ သို့သော် ထိုသို့ နေခြင်းက သင်သည် ရောဂါကူးစက်မှုကို မပျံ့ပွားအောင်လုပ်ဆောင်ရာ ရောက် ကြောင်းကိုတော့ မမေ့သင့်ပါ။ တစ်နည်းအားဖြင့် သင်သည် ပတ်၀န်းကျင်ကို ကူညီနေသည်။ သို့မှသာ ရောဂါကူးစက်နှုန်းလျှော့နည်းပြီး အခြေအနေများ ပိုမို ကောင်းမွန်လာစေမည်။

အိမ်၌ အချိန်ကြာမြှင့်စွာ နေထိုင်ခြင်းသည် စိတ်ဖိစီးမှုဖြစ်စေသည်။ သို့သော် အခြေအ နေများပုံမှန်ပြန်ဖြစ်လာဖို့ ဆိုလျှင် ထိုသို့သော လုပ်ဆောင်မှု (အိမ်မှာနေခြင်း) က ထိရောက် တဲ့ဖြေရှင်းမှုကြီးဖြစ်သည်။ အရေးကြီးသည်မှာ မှန်ကန်တဲ့ သတင်းများကိုသာ နားစွင့်ပြီး သက်ဆိုင်ရာ ဌာနများ ၏လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် COVID-19 ဖြစ်ပွားမှုကို မိမိတတ်နိုင်သမျှ ရပ်တန့်အောင်ကူညီပါ။ အားလုံးပူးပေါင်း ပါ၀င် လုပ်ဆောင်မှုဖြင့်သာ ပြဿနာများကို ဖြေရှင်းနိုင်မည်။

Ref: Alyssa Orcuilo (talktomira.com)

TharHtoo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top