COVID-19 ကြောင့် ကျောင်းကပွဲဖျက်သိမ်းခံလိုက်ရတဲ့ အိမ်ထိန်းအတွက် ကပွဲကျင်းပပေးခဲ့တဲ့ ကလေးလေး

29-5-2020-yyl-023.jpg

COVID-19 ကပ်ရောဂါကြောင့် ဘွဲ့နှင်းသဘင်အခမ်းအနားတို့ ပျော်ပွဲရွှင်ပွဲအခမ်းအနားတို့ကို ဖျက်သိမ်းထားရပါတယ်။ အသက် (၁၇) နှစ်အရွယ် ရစ်ချယ် ချက်မန်းဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ကျောင်းကပွဲကလည်း ဖျက်သိမ်းခံလိုက်ရပါတယ်။ သူ အခုလို ကျောင်းကပွဲမလုပ်လိုက်ရတဲ့အတွက် သူ ထိန်းပေးနေတဲ့ အသက် (၇) နှစ်အရွယ်ကလေးလေးက သူ့အတွက် ကျောင်းကပွဲလေးတစ်ခု ဖန်တီးပေးခဲ့ပါတယ်။

ရစ်ချယ်က ညစာစားပွဲ၊ ကပွဲတွေနဲ့ Surprise လုပ်ခံလိုက်ရပါတယ်။ သူ ထိန်းပေးနေရတဲ့ ကာတစ် ရိုဂျာဆိုတဲ့ကလေးလေးကို ကျေးဇူးတင်ရမှာပါပဲ။ ကာတစ်က သူ့မိခင်ရဲ့အကူအညီနဲ့ အိမ်နောက်ဖေးကွက်လပ်မှာ ပွဲလေး အတူတူပြင်ဆင်ခဲ့တာပါ။ “ကျွန်မ အရမ်းအံ့သြသွားခဲ့တာပါ။ အဲဒီလိုလုပ်ခဲ့မယ်လို့ ကျွန်မမထင်ခဲ့ပါဘူး။ ဒါက အရမ်းစိတ်ကူးကောင်းပြီး ချစ်ဖို့လည်းကောင်းပါတယ်” လို့ ရစ်ချယ်က ပြောပါတယ်။ Sanderson High School မှာ ကျောင်းတက်နေတဲ့ ရစ်ချယ်က ကျောင်းတက်ပြီးရင် အချိန်ပိုင်းအလုပ်အနေနဲ့ ကာတစ်ကို ထိန်းပေးနေတာ (၁) နှစ်ကျော်ပါပြီ။ ရစ်ချယ်က ကာတစ်ကို ကျောင်းကြိုတာ၊ ကစားကွင်းခေါ်သွားတာ၊ စန္နရားတီးသင်ပေးတာနဲ့ အိမ်စာကူလုပ်တာတွေ လုပ်ပေးရပါတယ်။

“သူက ကျွန်မတို့ရဲ့ မိသားစုလိုပါပဲ။ သားက သူ့ကို ချစ်တယ်။ သူက စိတ်ထားကောင်းတဲ့သူပါ။ ဒါကြောင့် ကျွန်မတို့ကို ကူညီပေးဖို့အတွက် သူ ရှိနေတာ ကျွန်မတို့အတွက် ဆုလာဒ်တစ်ခုပါပဲ” လို့ ကာတစ်ရဲ့မိခင်က ဆိုပါတယ်။ ကပ်ရောဂါဖြစ်ပွားတဲ့အခါမှာ ရစ်ချယ်နဲ့ သူ့အတန်းဖော်တွေအတွက် ပွဲတွေအားလုံး ရပ်ထားခဲ့ရပါတယ်။ ကာတစ်ကို ထိန်းပေးတာကိုလည်း (၂) လလောက် ရပ်နားခဲ့ရပါတယ်။ ရစ်ချယ်ရဲ့အခြေအနေတွေကို သူ့မိခင်က ကာတစ်ကို ရှင်းပြခဲ့တဲ့အခါမှာ သားတို့ ဒီမှာပဲ ပွဲအသေးစားလေးကျင်းပလို့ရနိုင်တယ်လို့ ကာတစ်က ပြောပါတယ်။



ကာတစ်က ဝတ်စုံအပြည့်ဝတ်ပြီး သူနဲ့ရစ်ချယ် အတူတူစားလေ့ရှိတဲ့အစားအစာတွေကို အခြေခံပြီး မီနူးထုတ်ထားပါတယ်။ ကာတစ်က ရစ်ချယ်အတွက် ပေါင်မုန့်မီးကင်လည်း လုပ်ထားပြီး သူတို့အတူတူတွဲကဖြစ်ကြပါတယ်။ “ဒါလုပ်ဖို့ သူ့အတွက် ပျော်စရာကောင်းတဲ့အရာပါပဲ။ သူတို့က ထူးခြားတဲ့ရင်းနှီးမှုရှိကြပါတယ်” လို့ ကာတစ်ရဲ့မိခင်က ဆိုပါတယ်။ ရစ်ချယ်က အခုနှစ်ထဲမှာ ပြည်သူ့ကျန်းမာရေးကို လေ့လာသင်ယူဖို့အတွက် East Carolina University ကို တက်ရောက်ရမှာဖြစ်ပါတယ်။

Ref: 7-year-old holds prom for his babysitter after hers was canceled due to COVID-19
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top