ရေအောက်အနက်ဆုံးအထိ ကူးခတ်နိုင်တဲ့ ရေဘဝဲတစ်ကောင်ကို တွေ့ရှိ

29-5-2020-yyl-022.jpg

အိန္ဒိယသမုဒ္ဒရာ ကြမ်းပြင်မှာ နေရာချထားတဲ့ ကင်မရာတွေကနေ ရေအောက်အနက်ဆုံးနေရာမှာ ကူးခတ်နိုင်တဲ့ ရေဘဝဲတစ်ကောင်ကို မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့ပါတယ်။ အဲဒီရေဘဝဲကို ဂျာဗားချောက်ရဲ့ ရေအောက်အနက် မီတာ ၇၀၀၀ မှာ တွေ့ရှိခဲ့တာဖြစ်ပြီး အရင်တုန်းက ရေအောက်အနက်ဆုံးမှာ တွေ့ရှိခဲ့တဲ့ ရေဘဝဲရဲ့စံချိန်ထက် ၂ ကီလိုမီတာနီးပါး ပိုနက်ပါတယ်။

အခုတွေ့ရတဲ့ရေဘဝဲဟာ ဒမ်ဘိုရေဘဝဲမျိုးစိတ်ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ မျက်လုံးနားတစ်ဝိုက်မှာ နားရွက်နဲ့တူတဲ့ ဆူးတောင်တွေရှိလို့ ဒစ္စနေးကာတွန်းဇာတ်ကောင်နဲ့တူတဲ့အတွက် ဒမ်ဘိုရေဘဝဲဟု အမည်ပေးထားတာပါ။ ဒေါက်တာအလန်ဂျာမီဆန်က သမုဒ္ဒရာကြမ်းပြင် ဆင်းသက်ရေးကိရိယာ(Lander) တွေ အသုံးပြုပြီး ရေအောက်အနက်ပေ များပြားလွန်းတဲ့နေရာမှာ စူးစမ်းရှာဖွေခဲ့တာဖြစ်ပါတယ်။ ကင်မရာတပ်ထားတဲ့ ဘောင်တွေကို သမုဒ္ဒရာကြမ်းပြင်အောက် နေရာချပြီး ဖြတ်သန်းသွားလာတဲ့ သတ္တဝါတွေကို မှတ်တမ်းတင်ရိုက်ကူးထားတာပါ။

ရေဘဝဲတွေဟာ ဖိအားများလွန်းတဲ့ ရေအောက်ကြမ်းပြင်မှာ ရှင်သန်နေထိုင်နိုင်ဖို့အတွက် ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေကို လိုက်လျောညီထွေဖြစ်အောင် အသွင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ရေဘဝဲရဲ့ဆဲလ်တွေက ဘောလုံးပုံစံဖြစ်လို့ ဖိအားခံစားရတဲ့အခါ ပုံစံပျက်သွားနိုင်ပါတယ်။ အဲဒီအတွက် ဆဲလ်တွေကို စက်လုံးပုံအတိုင်း ပုံစံမပျက် ထိန်းထားဖို့အတွက် ထက်မြက်တဲ့ ဇီဝဓာတုပစ္စည်းတွေ ထုတ်လုပ်နိုင်ဖို့ လိုအပ်တယ်လို့ ဒေါက်တာအလန်ဂျာမီဆန်က ပြောပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top